စစ်သူကြီးဘိုင် အိမ်တော်သို့ အလည်သွားခြင်း

748 134 1
                                    


Zawgyi

Zhan Chen သူ့အခန်းထဲမှာ လက်ဖဝါးထဲက
ဆေးကို ငေးကြည့်ရင်း လဲလျောင်းနေသည်။
ရှားရှားပါးပါးဆေးကို အခုချိန်မှာစားရင်
သူ့အတွက် အလဟသဖြစ်သွားမှာစိုးလို
့ဆေးလုံးကိုမစားရသေးဘူး။ သူက အခုမဖျားဘူး၊
ဆေးလည်းမလိုဘူးလေ အေးဆေးထိုင်ပြီးတော့
သူကသက်ပြင်းချ လိုက်ပြီးကုတင်ပေါ်ကနေ
ထလိုက်တယ်။ သူကသူ့ဗီရိုဆီလျှောက်သွားပြီး
သူ့ဗီရိုရဲ့အနက်ရှိုင်းဆုံးနေရာမှာဆေးလုံးကို
သိမ်းထားလိုက်တယ်။ အကယ်၍ မိဘတွေမေးတဲ့
အခါ လိမ်ပြီးဆေးစားပြီးပြီလို့ပြောလိုက်မယ်။

ထိုဆေးသည်မည်သည့်ဖျားနာမှုကိုမဆို
ပျောက်ကင်းစေသော်လည်း သူတကယ်
ဖျားနာတာမှမဟုတ်တာ... Zhan Chen သည်
သူ့မှတ်ဥာဏ်များပြန်မရနိုင်တော့ဟုလက်ခံရန်
သူ့မိဘများကိုစည်းရုံးရန်သာလိုအပ်သည်။
သူ့နှလုံးသားမှာအပြစ်ရှိတယ်ဟုခံစားနေရသဖြင့်
သူသည်ကုတင်သို့ပြန်သွားပြီးမျက်နှာကိုခေါင်းအုံးပေါ်တွင်မှောက်လျက်လှဲအိပ်လိုက်သည်။ အပြစ်ကို
မေ့ဖို့ကြိုးစားရင်းသူကရင်ဘတ် မှာ ဖိထားတဲ့
ခေါင်းအုံးကိုပွေ့ဖက်ရင်းမကြာခင်မှာ
အိပ်ပျော်သွားတယ်။

ဧကရာဇ် Xian Long Wei သည်ယနေ့
့ပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်မှာ ဗိုလ်ချုပ် ဘိုင် ၏
စံအိမ်ကိုသွားလည်ရန် ဖြစ်သည်။ သူသည်
နန်းတော် ကနေအလည်အပတ်ထွက်ခဲ့သည်
မှာကြာပြီဖြစ်သည်။ နောက်ဆုံးသူ အလည်ထွက်
ခဲ့သည့် အရွယ်မှာ ဆယ်နှစ်သားအရွယ်ဖြစ်သည်။
မှတ်ဥာဏ်ဟောင်းကိုသတိရခြင်းကြောင့် သူ
သည်အပြုံးလေးတစ်ခုထုတ်ပြုံးလိုက်သည်။
သူနဲ့ ကော ညီလေးသည်ဗိုလ်ချုပ် ဘိုင် ၏
အိမ်နောက်ဘက်ရှိချယ်ရီပန်းပင်ကိုတက်ပြီး
ကော ငယ်လေးက သူ့အတွက်သီချင်းဆိုခိုင်းသည်။
"အကိုကြီး၊ ငါ့ကိုမြည်းပေါက်လေး
သီချင်းဆိုပြပါလား"

သူ့အဖေဧကရာဇ် ကသူလေးနှစ်သားကတည်းက
ဒီလို ကလေးသီချင်းကိုမဆိုခဲ့တာ အခုဆိုနေတာ
ကိုမြင်တော့အရမ်းအံ့သြလွန်းတယ်။
အဲ့ဒါက အလွန်သေးငယ်ပြီးချစ်စရာကောင်းတဲ့
ကောငယ်လေး နှင့်သူနောက်ဆုံးတွေ့ဆုံခဲ့တာဘဲ။
နှစ်နှစ်အကြာမှာ စစ်ပွဲစတင်ခဲ့ပြီးထိုအချိန်က
Xian နိုင်ငံအတွက်ရှုပ်ထွေးတဲ့ အချိန်ဖြစ်ခဲ့သည်။
စစ်ပွဲသည်ခုနစ်နှစ်ကြာခဲ့ပြီးနောက်ဆုံးရလဒ်မှာ
သူတို့၏ Xian နိုင်ငံသည် Xian မင်းဆက်ဖြစ်
လာပြီး နိုင်ငံများစွာကိုအောင်နိုင်ခဲ့သည်။
အကောင်းနှင့်အဆိုးအမှတ်တရဟောင်းများကို
သတိရနေသော Long Wei သည်သက်ပြင်းချ
လိုက်သည်။ သူ၏အင်ပါယာသည် ငါးနှစ်တာကာလ၌ငြိမ်းချမ်းနေခဲ့ပြီးအင်ပါယာတစ်ခုလုံး
ကိုပြန်လည်တည်ဆောက်ခြင်းနှင့်ငြိမ်းချမ်းရေး
ကိုသယ်ဆောင်ခြင်းဖြင့်အလုပ်များနေခဲ့သည်။

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Kde žijí příběhy. Začni objevovat