အန္တရာယ်ဟု ယူဆထားသော

461 82 3
                                    


Zawgyi

အပိုင်း (၁၈ ) အန္တရာယ်ဟု ယူဆထားသော

Bai Xiu Ying သည် သူ့ခင်ပွန်းကို
စောင့်ရင်း ငြိမ် ငြိမ်မနေနိုင်ပါဘူး။
မိုးကြိုး ထပ်ပစ်မည်ကို စိုးရိမ်သဖြင့် Zhan Chen
ကို အိမ်ပြင်မထွက်ရန် အမိန့်ပေးခဲ့သည်။

ဆရာYun ပြန်သွားပြီး အိမ်ထောင်ဦးစီး
ပြန်လာတာကို စောင့်ဖို့ သားအမိနှစ်ယောက်
နေခဲ့လိုက်တယ်။ Zhan Chen က
စိတ်မငြိမ်မသက်ဖြစ်ပြီး သူ့အမေကို
ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"မေမေ၊ ဘာဖြစ်နေတာလဲ"
သူ့လက်ထဲမှာ လက်ဖက်ရည်ခွက်ကို
ကိုင်ထားရင်း Bai Xiu Ying က ခေါင်းခါပြီး
နူးနူးညံ့ညံ့ပြုံးလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး သားရယ်။ မနေ့က သင်ခဲ့ရတဲ့ ကဗျာကို ဘာလို့ မရွတ်တာလဲ"

ကဗျာတစ်ပုဒ်ရွတ်ဆိုရသည်မှာ Zhan Chenအတွက်
သဘောကျသည့် အရာမဟုတ်ပေ။ ရှေးကဗျာ
တစ်ပုဒ်ကို ဖတ်တာထက် ပန်းအနုပညာကို
ပိုလေ့လာချင်သည်။ သူ မကျေမနပ်နဲ့ ပြောတယ်။
"မဆိုလို့ မရဘူးလား?"

Bai Xiu Ying သည် သူ၏ ပျင်းရိသော
သားလေးကို ကြည့်ပြီး ညင်သာစွာ
ချော့လိုက်သည်။ "မေမေက Xiao Chen
ရွတ်ဆိုသံကို တကယ်ကြားချင်နေတာ"

Zhan Chen က သူ့အမေကို ချစ်မြတ်နိုးပြီး
သူ့အမေက အဲဒါကို စိတ်အားထက်သန်စွာ
တောင်းဆိုတာကြောင့် Zhan Chen က
သူ့အတွက် မဖြစ်နိုင်တဲ့အကြောင်းအရာကို
မေ့ပစ်ပြီး ကဗျာရွတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"The thread in the hands of a fond-hearted mother

Makes clothes for the body of her wayward boy;

Carefully she sews and thoroughly she mends,

Dreading the delays that will keep him late from home.

But how much love has the inch-long grass

For three spring months of the light of the sun?"

(A/N ကဗျာ အရသာ ပျက်မှာဆိုးလို့
သာသာ ဘာသာမပြန်တော့ဘူးနော်)

အမေရဲ့ ရိုးသားတဲ့ ချစ်ခြင်းမေတ္တာနဲ့
သားလေးရဲ့ ကျေးဇူးသိစိတ်နဲ့ ပတ်သက်တဲ့
ကဗျာတစ်ပုဒ်လေးပါ။

Zhan Chen သည် ကဗျာရွတ်ပြီးသည်နှင့်
တပြိုင်နက် သူ့အမေကို မော့ကြည့်ကာ
သူမ၏ တုံ့ပြန်မှုကို စောင့်ကြည့်ခဲ့သည်။

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now