အဘိုး ၁

472 86 4
                                    


Zawgyi

အပိုင်း ( ၁၄ ) အဘိုး ၁

ဝန်ကြီးချုပ်နေသော နေရာသည်
မြို့တော်နှင့် မဝေးသော အနောက်ဘက်တွင်
တည်ရှိသည်။ Zhan Chen သည် နန်းတော်ကို
အနီးကပ်မြင်ရသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။
ကြီးမားပြီး မြင့်မားသော နံရံများနှင့် ခိုင်ခံ့သော
တံခါးကြီးများကို မြင်သောအခါ အံ့သြမိသေးသည်။

Zhan Chen သည် မြင်းရထားပေါ်မှ
စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ
ကင်းလှည့်နေသော စစ်သည်တစ်ဦးနှင့်
မျက်လုံးချင်းဆုံသည်။ ထိုလူကို ပြုံးပြပြီး
အတွင်းထဲသို့ ဝင်သွားသည်။

Zhan Chen ပြုံးပြခဲ့သော စစ်သားသည်
ရွေ့လျားနေသော မြင်းရထားကို မှင်တက်စွာ
စိုက်ကြည့်နေရင်း မျက်နှာနီရဲသွားသည်။
သူနှင့်အတူရှိနေသည့် သူ့ရဲဘော်က
သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

စစ်သား A: "ဘာဖြစ်နေတာလဲ"

Soldier B : "...ငါ ချစ်မိသွားပြီထင်တယ်"

စစ်သား A: " ဘယ်က ကောလဲ"

Soldier B: "ဒီက ဖြတ်သွားတဲ့ မြင်းရထားပေါ်က"

စစ်သား A: "အင်း ဒါဆို မင်းက ဒီအတိုင်း တွေ့တဲ့
ကော တစ်ယောက်ကို  ချစ်သွားတာလား"

Soldier B: "ငါ့ကို အပြစ်မတင်နဲ့။ အဲ့ကောက
အရမ်းလှတယ်။ သူက ဘယ်မိသားစုကလဲ
ဆိုတာ သိချင်လိုက်တာ။"

ရဲဘော် A: "ဒါဆို မင်း ကံကောင်းပါစေရဲဘော်။"

ထိုအချိန်တွင် Baiမိသားစုသည် ဝန်ကြီးချုပ်
နေရာသို့ သွားနေသည်။ Zhan Chen သည်
မြင်း ရထားအတွင်း၌ လှည့်ပတ်နေသဖြင့်
သူ့ထိုင်ခုံတွင် တည့်တည့်မထိုင်နိုင်တော့ပေ။
Bai Xiu Ying နဲ့ Bai Jian Yu က အရမ်း
စိတ်လှုပ်ရှားနေတဲ့ သူတို့ရဲ့ ကောသားလေးကို
ကြည့်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက်
ပြုံးပြရင်း ခေါင်းယမ်းလိုက်ကြသည်။

"မင်းအဘိုးက လူကောင်းတစ်ယောက်ပါ"
Bai Jian Yu က ပြောပါတယ်။

ခဏရပ်ပြီး Zhan Chen က စိတ်လှုပ်ရှားစွာနဲ့
သူ့လက်ချောင်းတွေကို လှမ်းဆွဲလိုက်တယ်။
"အဘိုးက သားမှတ်ဥာဏ်တွေ ပျောက်ဆုံး
သွားလို့ စိတ်မပျက်မှာ သေချာရဲ့လား"

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now