အနာဂတ် ယောက္ခမတွေဆီ သွားလည်ခြင်း

716 99 6
                                    

Zawgyi

အပိုင်း (၁၉ ) အနာဂတ် ယောက္ခမတွေဆီ
သွားလည်ခြင်း

ဧကရာဇ် Xian Long Wei သည် ဗိုလ်ချုပ်ကြီး Bai Jian Yu ကို ယနေ့လာရောက်ပြီး Zhan Chen
ရဲ့ လက်ထပ်ခွင့်ကို တရားဝင်တောင်းဆိုရန်
လာခဲ့မည်ဟု ပြောခဲ့သည်။  
Bai ကတော်၏ခွင့်ပြုချက်ကိုမတောင်း
ရသေးပေမယ့်ပေါ့။ စစ်သူကြီးကတိတ်ဆိတ်
သွားပြီး သူ ပထမဒီစကားကို ကြားစဉ်က
ဓားကိုဆွဲထုတ်ပြီး မျိုးရိုး နာမည် Xian နဲ့သူကို
သတ်ပစ်ချင်တော့သည်။ စစ်သူကြီးသည်
တစ်စုံတစ်ဦးကို သတ်ပစ်မည်ဟု စိတ်ထဲ
တွေးနေရင်းပင် အံကြိတ်ကာ နောက်ဆုံးတွင်
"အွန်း" ဟူသော စာလုံးတစ်လုံးကို
ထုတ်ပြောခဲ့သည်။

Xian Long Wei သည် ဒီ သားချစ်ဖခင်အတွက်
ယောက်ျားတစ်ဦးအား သူ့သားကို ပေးအပ်ရန်
မည်မျှခက်ခဲသည်ကို သိခဲ့ပြီး စစ်သူကြီးBai
သည် သူ့စကားကို ပြန်ပြောမည်ကို
ကြောက်ရွံ့နေခဲ့သည်။

ဒါပေမယ့် "အွန်း" ဆိုတဲ့ အတင်းအကြပ်
ထွက်လာတဲ့ အသံကိုကြားလိုက်ရတာနဲ့
သူက ဒီ အသက်ကြီးတဲ့လူကို ပွေ့ဖက်ရဖို့
မနေနိုင်တော့ဘူး။ ကံကောင်းထောက်မစွာနဲ့
သူသည် သူ့အနေအထားကို မှတ်မိနေသေးပြီး
Bai Jian Yu ၏ အမှောင်ကျနေတဲ့ အကြည့်များက
သူ့ကို ရပ်တန့်လိုက်သည်။

ထို့ကြောင့် ယနေ့တွင် သူအတွက်အလှဆုံး၊
ပေါ့ပေါ့ပါးပါးရှိပြီး အရည်အသွေးအမြင့်မားဆုံး
အရည်အသွေးမြင့် ရွှေချည်များဖြင့် ချုပ်လုပ်
ထားတဲ့ အနက်ရောင် Hanfuကို ဝတ်ဆင်ကာ၊
Xian Long Wei သည် ပိုမိုရိုးသားပြီး
ချောမောလှပစေရန် သူ၏ခမ်းနားထည်ဝါသော
အဝါရောင်နဂါးဝတ်ရုံကို အပြင်တွင်
ဝတ်ဆင်ထားသည်။ သူသည် Chen Chen ၏
မိသားစုရှေ့တွင် အရမ်း တော်ဝင် နန်းဆန်တဲ့
ပုံမပေါက်ချင်ပေ။

သူ့တွင် မိသားစုမရှိသောကြောင့် Xian Long Wei သည် သူ၏ အထိန်းတော်ကို ခေါ်လာခဲ့သည်။
ဧကရာဇ်မင်းမြတ် အမိန့်ပေးသံကို နားထောင်ရုံဖြင့်
အထိန်းတော်ကြီးသည် ဘာမျှမမေးတော့ပေ။
သူနားလည်တာက သူတို့ ဘုရင်က ကော
တစ်ယောက်ကို လက်ထပ်ခွင့်တောင်းတော့မယ်။

အဲ့ ကောက ဘယ်သူလဲ။

ဘုရင်ကြီး Xian Long Wei က သူ့ကို
ဘာမှ မပြောခဲ့ပါဘူး။
ထို့ကြောင့် Xianမင်းဆက်၏ အနာဂတ်
ဧကရီလောင်းကို မသိဘဲ၊ အထိန်းတော်ကြီးသည်
အရာအားလုံး ချောမွေ့စွာ ပြီးဆုံးသွားစေရန်
အလေးအနက် ဆုတောင်းခဲ့သည်။

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now