ဒီ လက်ထပ်ပွဲက ဖြစ်မလာနိုင်တော့ဘူးလား

396 46 3
                                    

ဒီ လက်ထပ်ပွဲက ဖြစ်မလာနိုင်တော့ဘူးလား

Unicode

Zhan Chen ဟာ သူ့အခန်းထဲမှာ တစ်ယောက်တည်း ငြီးငွေ့စွာနဲ့
ထိုင်နေခဲ့တယ်။ ဖျော်‌ဖြေမှုနဲ့ ပတ်သတ်တာ
ဆိုလို့ စာအုပ်တွေ စာအုပ်များနဲ့
များပြားနေတဲ့ စာအုပ်တွေဘဲ ရှိနေတယ်။

သူ့ အရင်ခေတ်မီကမ္ဘာမှာဆိုရင်
ဒရာမာတွေကြည့်နိုင်တယ်၊ ဒါမှမဟုတ်ရင်
သူ့ဖုန်းထဲက ဂိမ်းတွေဆော့လို့ရတယ်။
ဒါမှမဟုတ် manga တစ်ချို့ကို
ဖတ်လို့ရတယ်။ ဒါပေမယ့်
သူ့မူလကမ္ဘာမှာရှိတုန်းကတော့ အဲ့ လို
အေးအေးဆေးဆေးနေဖို့ အချိန်မရှိဘူး။
သူက အချိန်ပြည့် အလုပ်၊ အလုပ်၊
အလုပ်တွေဘဲ လုပ်ခဲ့ရတယ်။

သူ့အမေက သူ့ကို လာမခေါ်ခင် အထိ ဘာလို့
သူ့ကို အခန်းထဲက မထွက်စေချင်တာလဲလို့
တွေးမိတယ်။
Zhan Chen ပြတင်းပေါက်ကနေ
ကြည့်လိုက်တော့  ပန်းနုရောင်
ပန်းပွင့်လေးတွေနဲ့ ပြည့်နေတဲ့
ချယ်ရီပန်းပင်ကို တွေ့လိုက်ရတယ်။
အရမ်းလှတယ်။ သူသည် ချယ်ရီပန်းတွေ
ကို ကြည့်လိုက်တော့ အဲ့နေရာမှာ
တစ်ရေးတစ်မော အိပ်ချင်သလို
ခံစားလိုက်ရသည်။
သို့မဟုတ် သူ့အမေက သူ့အဖိုးအိမ်မှ
ပြန်လာပြီးနောက် ပိုတင်းကြပ်နေသော
ကြောင့် အစေခံများအား
ချိုချဉ်ပြင်ဆင်ပေးရန်
တိတ်တဆိတ် တောင်းဆို ရဦးမည်။

အိုက်ယား အမေက သူ့ချိုချဉ်တွေရပေါက်
ကို မပိတ်စေချင်ဘူး။
သူ သက်ပြင်းချနေတုန်း အခန်းတံခါးဖွင့်သံကြားလိုက်ရသည်။
အမြန်လှည့်ကြည့်လိုက်တော့
သူ့အဖေနဲ့အမေကို တွေ့လိုက်ရတယ်။

Zhan Chen က ပျော်ရွှင်သွားပြီး
နောက်ဆုံးတော့ သူ မပျင်းတော့ဘူး

"အမေ၊ အဖေ!"
Bai Xiu Ying က ပြုံးပြီး ကုတင်ပေါ်
အေးဆေးထိုင်နေဖို့ သူ့ချစ်စဖွယ်သားလေး
ကို လက်ပြလိုက်ပါတယ်။
ထိုအချိန်တွင် Bai Jian Yu သည်
ကုတင်ဘေး စားပွဲအနီးတွင် ရပ်နေပြီး
သူ့အမူအရာသည် ကျောက်တုံးကဲ့သို့
မျက်နှာသေ ဖြစ်နေသည်။

Zhan Chen  သူ့အမေရော အဖေရောအမူအရာ
ကို ကြည့်လိုက်တော့ အံ့ဩသွားသည်။
သူ့အဖေကို မော့ကြည့်လိုက်ပြီး ပျော်ရွှင်နေတဲ့ မိခင် (ကော )ကို
"အမ်၊ ဘာဖြစ်လို့လဲဟင်၊
ပြဿနာတက်နေတာလား အမေ"

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now