မင်း အကိုကြီး Wei ကို ကြိုက်လား

510 88 2
                                    

Zawgyi

အပိုင်း ( ၁၃ ) မင်း အကိုကြီး Wei ကို
ကြိုက်လား

ဧကရာဇ်မင်းနှင့် အပြင်ထွက်ခြင်းသည်
အလွန်ပျော်စရာကောင်းတာကြောင့်
Zhan Chen သည် နောက်ထပ်
အပြင်ထပ်ထွက်ရမှာကို စောင့်နေမိသည်။
ဧကရာဇ် Xian Long Wei က
အချိန်ရရင် Zhan Chen နဲ့အတူ
ကစားပေးမယ်လို့တော့ ကတိပေးခဲ့တယ်။

ချယ်ရီပန်းအဆောင်တွင် ထိုင်ရင်း
သူ့ကိုယ်သူ တခစ်ခစ်ရယ်နေမိသည်။
လက်ဖက်ရည်သောက်ရင်း သကြားလုံးတွေ
စားရင်း Zhan Chen က သူ့ဘဝက
အရမ်းပေါ့ပေါ့ပါးပါးနဲ့ ပြည့်စုံတယ်လို့
ခံစားရတယ်။ ပိုက်ဆံနဲ့ အချိန်ပိုင်းအလုပ်တွေကို
တွေးနေစရာမလိုတော့ဘူး။ ဘာပဲဖြစ်​ဖြစ်
သူတစ်ခုခုလိုအပ်တယ်ဆိုရင်
သူ့မိဘ​တွေ ဒါမှမဟုတ်​ အကိုကြီး Wei ကို
ပြောပြဖို့ပဲ လိုအပ်​ပြီး သူ့ကိုအကြောင်းပြချက်
မ​တောင်းဘဲ အကုန် ​ပေးတယ်​။

ဒါကြောင့် သူ့ဘဝက အရမ်းလွယ်ကူပြီး
ပျော်ရွှင်နေရပြီလေ။

"Xiao Chen"

သူ့ပါးစပ်ကို မြန်မြန်သုတ်ပြီး သူ့အမေကို
နှုတ်ဆက်ဖို့ ထရပ်လိုက်တယ်။ သူ့အမေနောက်မှာ သူ့(Xiu Ying) သစ္စာရှိကျွန် ရှိနေပြီး
"မေမေ၊ ဘာပြောချင်လို့လဲ" မုန့်တွေကို ဖုံးကွယ်ဖို့
ကြိုးစားရင်း ပြောလိုက်တယ်။

Bai Xiu Ying ( A/N .. အစက ဘိုင်ရှု ရင်လို့
ပြန်ခဲ့ပေမယ့် ဒါဒါ တစ်ယောက်ပြောတာ
ပိုင် ရှုရင် ဆိုလို့ သာသာ Eng လိုဘဲ
ရေးတော့မယ်နော် ) ဟာ ​​လွယ်လွယ်နဲ့
လိမ်ညာခြင်း ခံရမှာ မဟုတ်ဘူး၊ သူက
ငယ်ရွယ်တဲ့ ကော ရဲ့ ပခုံးတစ်ဖက်ကနေ
ကြည့်လိုက်တော့ ကျောက်စားပွဲပေါ်က
သကြားမျိုးစုံကို တွေ့လိုက်ရတယ်။ သူက
ချစ်စဖွယ်မျက်လုံးလေးမှိတ်ကာ

"Xiao Chen ah"

Zhan Chen တံတွေး မြိုချလိုက်သည်။
သူ့မိဘတွေက သူ့ကို အရမ်းအလိုလိုက်ပေမယ့်
အချိန်မရွေး ဘယ်နေရာမှာမဆို အချိုတွေ
အလွန်အကျွံ စားတဲ့ သူ့ကြောင့် သူ့မိဘတွေက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့
ယူဆကြပါတယ်။

ဒါကြောင့်
"အချိုတွေကို နေ့တိုင်း တစ်ကြိမ်ပဲ
စားခွင့်ရတာကို မေ့နေပြီလား"

Transmigration: Save My Chastity!( မြန်မာဘာသာပြန်)Where stories live. Discover now