[ 1 ] 🍵

8.7K 282 13
                                    

(Uni)
ဦးငယ်~ ..ဆိုတာနဲ့
နှလုံးသားက နာကျင်လာရပီ..။

.ဝမ်းနည်း
လာလို့ ပျက်ယွင်းသွားတဲ့မျက်နှာပြင်ထက်.. တစတစ လောင်မြှိက်နေကာ
မျက်ရည်တွေက အပူတပြင်းစီးကျလာရသည်။

" ဦးငယ်~... ကျနော်ကလေ.. ဦးငယ်ကို ဂျီမကျဘူး . ဦးငယ် ကို ကပ်တွယ် မနေပါဘူး ၊
ဦးငယ်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမှာပါ ဟင့်~ "

" ကောင်လေး.... ဒီ ခေတ်မှာ ယောင်္ကျားလေး
ချင်း တွဲတာ ခေတ်စားပေမဲ့..
ကိုယ့်အတွက် အဓိပ္ပာယ်မရှိဘူး...."

ရိပေါ် ကျောင်းလွယ် အိတ်
လေး ခပ်တင်းတင်း စုပ်ကိုင်လိုက်ကာ..
မြစ်ကမ်းစပ်ကိုပဲကြည့်နေတဲ့ ဦးငယ်ရဲ့
လက်ဖဝါးလေးကို စုပ်ကိုင်လိုက်ပီး..

" ကျနော့်မှာ ဦးငယ်အတွက်မိန်းကလေးတစ်ယောက်ဖြစ်ပေးဖို့ဘာလိုအပ်နေတာလဲ~"

" ရိပေါ်! မင်းက ဒီလောက်ထိတောင်လုပ်တော့မှာလား? ယောင်္ကျားတစ်ယောက်ရဲ့ မြင့်မြတ်တဲ့ဂုဏ်သိက္ခာကို စွန့်လွှတ်တော့မှာလား? .. "

" ဦးငယ် အတွက်ပဲလေ~ ကျနော် ပန်းရောင်လေးတွေ ဝတ်တယ်.. ရွှေရောင် ဆံပင်လေးထားထားတယ်လေ...~ ကျနော့်ရဲ့ သိက္ခာတွေက.
ဒါတွေ ဝတ်တည်းက မရှိတော့ပါဘူး...~ "

ဒီလို..
ပုံစံကြောင့် ပါးကသူ့ကို
ရိုက်တယ်.. အသိုင်းအဝိုင်းတွေကြားလဲ..
Gayလို့အပြောခံရတယ်..။
အခုထိ ပါးပါး ခါးပတ်နဲ့ရိုက်ထားတဲ့
ဒဏ်ရာတွေက မပျောက်သေးပေ..။

ပြောရင်းနဲ့ ဦးငယ်ရဲ့လက်ဖဝါးထက်
မျက်ရည် ကျမိတော့..တစ်ရှူး ထုတ်ကာ.
အလျင်အမြန် သုတ်ပေးသည့်အခါ မလိုဘူး
ဆိုတဲ့အကြည့်ဖြင့် လက်ကို ဆွဲခါလိုက်သည်။

" ဦးငယ်~... ကျနော့်ကို လိုမှ ခေါ်အိပ်တာလားဟင်~... "

" ဟူးးး!!!! ငါ ပိုက်ဆံအပြတ်ပေးပီးသား..
မင်းနဲ့ အိပ်တာက.. မိန်းမတွေလို ဗိုက်ကြီးတာ
ဘာညာ မပူရဘူး..အဲ့တာကြောင့်ပဲ "

" hk~ဟုတ်လား.....~ အင့်~ "

ဦးငယ် ရှေ့မှာပဲ ဟန်မဆောင်နိုင်.
ဒူးထောက်ကျကာ ခေါင်းငုံ့ထားပီး.
နာကျင်စွာ ငိုနေမိသည် ..။

[The Pain]  Completed 🍵Where stories live. Discover now