[ 9 ] 🍵

1.1K 95 12
                                    


[ Unicode ]

Unchanged
( မပြောင်းလဲဘူး... သူက သူပဲ )

----

အချိန်တွေက အကုန် မမြန်ဘူး..
တစ်နေ့ ဆိုတဲ့ အချိန်မှာ နေရောင်ကို
လဲ အကြာကြီး ခံစားရတယ်။
ညသန်းခေါင်အချိန်တွေဆို ဆောင်းလေးအေး
တွေက ပနံ့သင့်စွာ တိုက်ခတ်တယ်လေ။

တစ်ခုပဲ..
ဖုန်းအဆက်အသွယ် ဖြတ်ထားတယ် ။

ဒါ ပန်းတိုင်ရောက်ဖို့
နောက်ဆုံးပဲ မလား ... ဘာ နဲ့ ဖြတ်ဖြတ် မပျက်
စေရဘူး..

ခုံစောင်းလေးပေါ်မှာ တင်
ထားသည့် ဆေးဘူးကို လှမ်းယူလိုက်ပြီး
အတွေးမလွန်ပဲ သောက်ကာ
ဘေးနားက ရိပေါ်လေးပြုံးနေသည့်
ဓာတ်ပုံဘောင်လေးကို မှောက်ချလိုက်၏။

အရာရာပြောင်းသွားပြီ ဦးငယ်...

" ကျနော် စိတ်ကူးမယဉ်တော့ဘူး... ပင်ပန်းလာလို့ လဲကျ ချင်နေပြီ။ "

ဦးငယ် ပါတဲ့ ဓာတ်ပုံ
လေးကို ရင်ခွင်ထဲပိုက်ရင်း
ကလေး ငယ်လေးဟာ ပြတင်းပေါက်ဘောင်
ပေါ် ခေါင်းလေး တင်လို့ အိပ်ပျော် သွားလေသည်။

><><><><
" အစ်ကို ... အပြင် မှာ ဘာတွေ ရှိလဲ သိချင်လား"

" ဟင့်အင်း~.. "

ပန်းခြင်းတွေကို သိမ်းရင်းပင် ပြုံးကာ
အိမ်ထဲ ဝင်သွားလေသည်။

" ညဈေးပွဲတော် ရှိ တယ် ဗျ .. လူတွေ လည်း အများကြီး "

" မင်းပဲ သွား.. ငါ မလိုက်တော့ဘူး "

" ဟုတ်ပါပီလေ "

အဖော်စပ်ကာမှ နှစ်ချို့ ရေခဲတုံးနဲ့
လာတိုးရတယ်လို့..

Lemonလည်း ရိပေါ်
ကို ဂရုစိုက်ဖို့မှာခဲ့ရင်းညဈေးပွဲတော်ကို ထွက်သွားတော့ လမ်းမှာ လူတစ်ယောက်‌တွေ့တယ်..

ဒီလူတော့ ညဘက်ကြီးပန်းလာဝယ်တာ လား မသိဘူး...
.
.
.

ပန်းခြင်းတွေ
နိုင်နင်းတဲ့ ယောင်္ကျားသားတစ်ယောက်က
ချွေးတွေ ရွဲလို့ နောက်ဆုံး
ခြင်းကို ချပြီးချိန်မှာ မိုးပြာရောင်
ဟူဒီလေးကို ဆွဲ ချွတ် လိုက်
လေသည်။

ဒီကောင်လေးရဲ့ ချောမောလှ ပမှုက
အမှတ် တမတ် ‌တွေ့မိရင်တောင်
ဒီလို လူမျိုး နောက်ကမ္ဘာတစ်ခုမှာ ရှိနိုင်ပါ့မလား
လို့ တွေးမိ နိုင်တယ်..

[The Pain]  Completed 🍵Where stories live. Discover now