[ 10 ] 🍵

1.3K 90 12
                                    

[ Unicode ]

" ဟူး.. အေးလိုက်တာ "

ပလာစတာလေး
ကပ်ထားတဲ့ လက်လုံးလူံးနှစ်ဖက်ကို
နှုတ်ခမ်းပါးနားကပ်ကာ အာ‌ငွေ့
ပေးပြီး ပန်းခြင်းကြီးကို
မနက်အစောကြီးရွေ့နေလေသည်။

ပန်းခြင်းတွေကို
လက်အိတ်မသုံးပဲ ရွေ့နေတဲ့
မပိန်မဝ ခပ်လတ်လတ်ကောင်လေး
အသက်ရှုထုတ်လိုက်တိုင်း
အခိုးအငွေ့တွေဟာ တစ်လုံးတည်းသော
မီးသီးအဝါ မှိန်မှိန်လေးကြားတွင်
ရစ်ပတ်လို့နေ၏။

" အကိုရယ်.. ကျနော် ကူရွေ့ပါမယ်ဆိုမှ .. ဇွတ်ကို ရွေ့နေပါလား "

မီးဖိုချောင်ထဲက
အေပရွန် လေး ကို တစ်ဖက်ချွတ်ကာ
ထွက်လာတဲ့ Lemonရဲ့ လက်ထဲတွင်
မနက်စားလေး ပါလာတာမို့
ကူသယ်ရင်း ခုံလေးတွင် မျက်ချင်း
ဆိုင်ထိုင်လိုက်ကြသည်။

" [Lemon..မင်း လက်ရာတော်တော်ကောင်းတယ်] "

" အကိုကလည်းကျနော်က တစ်ကိုယ်တည်း သမားလေဒီလောက်တော့ လုပ်တတ်မှ ပေါ့ .. အဲ့တာ အကို့အမေ.... ဆီက သင်ထားတာ ~"

Lemonလည်း နောက်ဆုံးနားလေးမှာ သိသိသာသာကို အသံတိမ်ချသွားသလို
ရိပေါ်လေးကလဲ
သက်ပြင်းချလို့
ဇွန်းလွတ် ကျသွားသည်။

ဒါ့ကြောင့်ကို.... မားနဲ့ တူနေပါလား ဆိုပြီး
တွေးခဲ့သေးတာ ။
သားအရင်းဖြစ်တဲ့ ငါတောင်မတတ်ခဲ့ဘူး..

မတက်ခဲ့ဘူးဆို... ငါ အိမ်မှာရော နေခဲ့ဖူးလို့လား
ဦးငယ်ရဲ့ အိမ်ရယ်
၊ Motelရယ် ၊ ကျောင်းရယ် မှာပဲ
တားမရအောင် ခြေလှမ်းတွေ မှားခဲ့ရတာ။

တော်ပါလေ ဒါတွေက အတိတ်တွေပါပဲ....
ဒါပေမဲ့
ကျနော် မားကိုလွမ်းတယ်
နောက်ဆုံးအချိန်အထိ
မစွန့်လွှတ်ချင်ခဲ့သေးတဲ့ မားမားကို
အရမ်းသတိရတယ်... ။

အတွေးတွေထဲ စွဲ ထုတ်လို့
မရအောင်ပိတ်မိနေတဲ့ ရိပေါ်ရဲ့
မျက်လုံးတစ်စုံက မျက်ရည်
ကြည်တို့ ခုန်ပေါက်ပြေးဆင်း
နေကာ လက်လူံးလေးထဲ
အသစ်ရောက်လာတဲ့ ဇွန်းကို တင်းတင်း
ဆုပ်လို့ မနက်စာကိုပဲ တစ်လုတ်ပြီးတစ်
လုတ် ထိုးသွင်းနေမိပါသည်။

မုန်းချင်တိုင်း မုန်းလို့မရပါလား ဦးငယ်ရာ~

><><><><

[The Pain]  Completed 🍵Where stories live. Discover now