[ 16 ] 🍵

1.2K 81 16
                                    

[ Unicode ]

စိတ် ပျက်သွားအောင်များ ကိုယ့်ဘက်က လုပ်မိတာလား ~ ရိပေါ်။

ကြင်ကြင်နာနာ ပွေ့ဖက်နေတဲ့
လူနှစ်ယောက်ကို ခပ်ဝေးဝေး
တစ်နေရာက နေ ကြည့် ပီး လာရာ
လမ်းအတိုင်း လှည့်ပြန်သွား၏။

ဒီကောင်လေး အပေါ် အချစ်လို့ သတ်မှတ် ပြီးမှ
နောက်ကျ သွားပြီလို့ပြောချင်တာလား...

ရတာ မလို လိုတာမရ
မလို ချင်တုန်းက ရခဲ့ တဲ့ အချစ်တွေကို
လျစ်လျူ ရှုတယ်...
အခု သူလိုအပ်နေပြီ မို့ မရတော့တာများလား။

ရိပေါ်ရဲ့
အဝေးကို ခဏထွက်သွားလိုက်တဲ့
အချိန်မှာ သုံးသပ်နေခဲ့ တယ်လေ...
ကိုယ်က ချစ်ခဲ့တာ ပဲ ဒါမဲ့ အနိုင်လို စိတ်နဲ့။

သူများတွေက ချစ်ပီးမြတ်နိုးတယ်..
ကိုယ်က ချစ်လို့ ရူးသွပ်ခဲ့တယ်။

" ဦးငယ် မင်းကို ချစ်တယ်.. ကောင်လေး~ "

ထီးအနက်ရောင်လေးဟာ
အမြင်အာရုံ တစ်ချို့ကို ကွယ်လိုက်ကာ
လမ်းမ ထက်မှာ ဦးတည်
ရာမဲ့ပီး တိုးတိုးလေးသာ
ရွတ်ဆို နေခဲ့သည်။

.
.
.
.
.
.
" ဦး~.. "

" ဗျာ "

ကလေး ပေါက်စ က ခေါ်လာပြန်ပီ..
တတွတ်တွတ် နဲ့ ပြောတဲ့
အကြောင်းတွေက သူ ဟိုးး
ငယ်ငယ်က အကြောင်းတွေကြီးပဲ။
တစ်ခါတစ်လေ ရှောင်ကျန့်အကြောင်းပါသေးလေ.. ဝဋ် တစ်မျိုးကို လှလှပပကြီး
လည်စင်းခံ ပေးနေရသလိုပဲ။

"ကျနော် လူတစ်ယောက်တွေ့လိုက်တယ် "

" ဘယ်သူလဲ ~ "

ရိပေါ်က
ပြောလဲ ပြော တစ်နေရာကို လက်ညှိုးထိုးပြပေမဲ့
ထီးအနက်နဲ့ လူက ထွက်သွားချေ ပြီ။

ကိုယ့်ကို တရိပ်ရိပ်စိုက်ကြည့်နေရင်
သူ့အလိုလို သိလာတယ်
ဆိုတာ တကယ် မှန်တယ်... ဒါမဲ့ ကျနော်
ရင်တွေနာ နေသလိုပဲ။

" ဦးငယ် နဲ့တူလိုက်တာ "

" အင်း...~ ဖြစ်နိုင်တာပဲလေ ဘယ်လို လဲ ပျော်လား "

" ဟင့်..အင်း~ "

မျက်ရည် တွေဝိုင်းလာတဲ့ မျက်နှာကို ငုံ့ချလိုက်တယ်... သူ့အသံက တိမ်ကျ သွားတယ်။

[The Pain]  Completed 🍵Where stories live. Discover now