[ Final ]🍵

3.8K 123 30
                                    

[ Unicode ]

ရိပေါ် ဦး အိမ် ထဲက နေထွက်သွားပြီးတည်းက
တစ်နေကုန်နေရတာ စိတ်ပါဘူး...

စိတ်တွေလဲလေးနေတယ်..
ဒါက ဦးငယ် နဲ့ ရုပ်တူလို့ ၊
ကျနော့် ကို ပျော်စေခဲ့တာ ကိုမဟုတ်ပဲ
ဦးမို့လို့ ကို စိတ်မချနိုင်ဘူး...

ရိပေါ် ဦးကို ချစ်တာသေချာ သည်...

ဦးငယ်က ရိပေါ်လေး အနားမှာ
အရိပ်တကြည့်ကြည့် နဲ့ နေနေခဲ့တယ်။
ဒါက လဲ ကျနော့်စိတ်ထင်
ပါလေ.. ဦးငယ်က အဲ့လောက်
စိတ်မရှည်တတ်ဘူး။

ခုံတန်းလေးမှာ
ခြေ ဆန့် လက်ဆန့် ထိုင်နေပေမဲ့ လည်း
ဦးငယ် ရဲ့ အကြည့်စူးစူးကြောင့်
လူက ကျုံ့ဝင်သွားချင်တယ်...

သူ ကျနော့်ကို စိတ်တို နေတာ...

တိုပေါ့.. အခု အချိန်မှာ
ဘယ်သူက လိုက်ကပ်နေတဲ့သူလဲလေ။
ခင်ဗျားကို ရလိုက်စမ်း! နောင်တ တွေ
လို့ မပြောလိုဘူး။

ခင်ဗျား အခု ခံစားရတယ် ဆိုတာ ကျနော်ရဲ့ အရိပ်သာသာပဲ ရှိပါသေးတယ်...

ဒါတွေကထား
ဦးကို ပဲ စိတ်ပူတာမို့
ဦး အန္တရာယ် ကင်းကင်းပြန်လာရမယ်နော်~

ခပ်လှမ်းလှမ်းက
ရပ်နေတဲ့ ရှောင်ကျန့်က ဒေါသတွေ
ရောနေတာ မှန်တယ်... ငါက
မင်းတို့ မသွားခင်
ဖက်နေကြတာကို မျက်ရည်ကျပြရမှာလား..
ခက်တယ်
ငါက dramaမခင်းဘူး.. ။
ငါက ဒီဇာတ်လမ်းရဲ့ ဗီလိန် ဆိုလဲ ရပါသေး
တယ် ဒါပေမဲ့ မကျန်ခဲ့ဘူး
အရ ယူမှာ ။

ယူလာတဲ့ Coffeeခွက်လေး ကို ခုံပေါ်တင်ပေးလိုက်ပီး
မျက်စောင်းထိုးတာကို မသိချင်ယောင်
ဆောင်ကာ
ဘေးကပ်ရက် ထိုင်ချလိုက်သည်။

" ရိပေါ်.. မင်း အဲ့လောက် စိတ်ပူနေရတာလား..."

အနှီးလုံးလေး ရိပေါ်က ခပ်တွေတွေ ကြည့်ရင်း
ခေါင်းငြိမ့်ပြတယ်....

"ဟူးး.. ငါ မကြိုက်ဘူး ငါ ဘာမှ ကြိုက်မနေဘူး.. မြင်မြင်သမျှ မင်းကလွဲလို့ ရိပေါ် "

ခြွင်းချက်အနေနဲ့ ထားပေးထားတဲ့
စကားလုံးလေးက သူ့စိတ်ကို အကြိမ်ကြိမ်ဖြို
စေပါတယ်...

မျက်တောင် လေး
တစ်ချက် ခတ်လိုက်ရုံနဲ့ ဦးငယ် ဘာတွေ
တွေးနေတာ လဲ ကအစ
ကျနော် သိတယ်... သို့ပေမဲ့
မသိ ချင်ယောင် ‌ဆောင် ပြီး ဥပက္ခောပြုထားလိုက်တယ်

[The Pain]  Completed 🍵Where stories live. Discover now