[ 11 ] 🍵

1K 89 11
                                    

[ Unicode ]

" အကို့ ဖုန်းမြည်နေတယ်တော်တော်ကြာပြီ။ "

"[ ‌ထားလိုက် ...ငါကကိုင်တော့ရော ဘာပြန် ပြောလို့ရမှာလဲ ] "

အလှပန်းအိုးလေးတွေ
စီတန်းထားတဲ့ ခုံစောင်းလေးမှာ
Ph လေးဟာ Vibrateကြောင့်
တုန်ရီ ကာ ဖြေဆိုသူမဲ့ နေတယ်..
အကြောင်းကတော့ ဟိုမျက်နှာမဲ့...။

Phတဂွမ်ဂွမ်ဆက်နေတာ သမီးရည်းစား
လည်းမဟုတ် ၊ တီတီတာတာ
ပြောချင်နေလည်း
ဟိုနေရာ ဒိုးလေ... အာရုံနောက်လွန်းတယ်။

" အကို .. ကျနော့်ကို လမ်းထိပ်က store မှာမုန့်လေး ဝယ်ပေးပါလား .ဟီးး "

"[ မင်းနော်.. ရုပ်လေးပြပီး ခိုင်းစား ] "

နှင်းဆီတွေကို အစူးဖယ်
ရင်း ဟီးခနဲ ရယ်ပြတဲ့ သူတော်မောင်ကို
ကတ်ကြေး တပြပြနဲ့ လက်အိတ်ကို
ဆွဲချွတ် ပီးအပေါ်ကုတ်ထပ် ဝတ်ကာ
ထွက်သွားလေသည်။

Lemonကတော့ သူ့အကြံနဲ့ သူ ပြုံးလို့....

><><><><

အစက ဒီရပ်ကွက်
လေးကို ဆိတ်ငြိမ်တဲ့နေရာလို့ ထင်ခဲ့တာ
ဝေးဝေးလန်လန် သွားကြည့်စရာမလိုပဲ
လမ်းထိပ်ထွက်ကြည့်ရုံနဲ့တင်
ပြေးလွှားဆော့နေတဲ့ကလေး တွေ၊
ကွင်းပြင်လွတ် တစ်ခုမှာ ဘောလုံးကန်နေတဲ့
လူငယ်လေးတွေ ၊
တစ်ချို့ သက်ကြီးရွယ် အိုတွေက
တော့ လမ်းထွက်လျှောက်ပီး
ဟိုဟိုဒီဒီပြောကြတယ်။

ရိပေါ် မေ့မေ့ပျောက်ပျောက် ပဲ store ကို
ကျော်ခဲ့တယ်...

အနက်ရောင်
ကတ္တရာ ‌‌ပြင်ညီပြောင်ချော
နေတဲ့လမ်းမ ထက်မှာ သစ်ပင်
အရိပ်တွေကလဲ တွဲခို ကျလို့
ကြွေကျနေတဲ့ သစ်ရွက်ဝါလေးတွေကို
နင်းပီး
လမ်းလေးခွ စုံတဲ့ နေရာမှာ မတ်တပ်
ရပ်လိုက်သည်။

လမ်းကျဉ်းမို့ ကားရှင်းတယ်...

အနက်ရောင်ဆွယ်တာ လေး
က ဖြူစင်တဲ့
အသားရောင်ကို ပန့်ပိုးပေး
သည်သာမက အညိုရောင် ဆံပင်
အုတ်အုတ်လေးများပေါ်သို့
နေရောင်ခြည် တစ်ဖြောက်ဖြောက်
ထိုးဆင်းကျခြင်းနှင့်အတူ
လေပြေလေး မသိမသာတိုက်သွားသည်။

[The Pain]  Completed 🍵Where stories live. Discover now