[ 12 ] 🍵

1K 82 16
                                    


[ Unicode ]

"ဟျောင့် .. ငါတို့ ကျောင်းမှာ နာမည်ကြီးတာဆိုလို့ လူနှစ်ယောက်အကြောင်းပဲရှိတယ်ကွ "

ကျိုးချန် က
ပစ်ပေါက်ရင် သေလောက်တဲ့ စာအုပ်အထူ
ကြီးကို ဘုန်းခနဲ ချလို့..
ဟိုးမလှမ်းမကမ်းက လူကြီး ကို လက်ညှိး
ထိုးပြလိုက်သည်။

" မျက်ခုံးနက်နက် နှာတံစင်းစင်း .. နှုတ်ခမ်းအောက်က မှည့်နက်လေးနဲ့ ရှောင်ကျန့်ဆိုတဲ့ တစ်ယောက် "

အရပ်လဲ သိပ်ရှည်လို့
ခြေ လှမ်းကျဲကြီးတွေ နဲ့ လူတကာ ငေးအောင်
ပြုံးပြပီး ကျောင်းအုပ်ကြီးနဲ့
စကားပြောနေတဲ့ အလှူရှင်Mr Xiao ဟာ အလယ်တန်း၊အထက်တန်း ကျောင်းသား/သူ
တို့ရဲ့ ပါးစပ်ဖျားမှာ
မှည့်နက် လေးနဲ့ ဦးဦးဆို ပီး ရေပန်းစား
ခဲ့တယ်

>>>>>>> [ Now ]

ရိပေါ်အခု ပန်းခင်းကြီးတစ်ခုထဲ မှာ
အရှေ့ကို ကြိုမမြင်ရပေမဲ့ လည်း လက်တစ်ဖက်ကနွေးထွေးမှု တစ်ခုကြောင့်
ခပ်ပေါ့ပေါ့ပဲ ရှေ့ဆက်တိုးဖြစ်တယ်...

သူ အဲ့လူကို မမြင်ရဘူး...

စိတ်ထဲကတော့ ဒီလူကို ရှေ့ဆက်သွားဖို့ အားကိုးချင်မိတယ်...

ဒါဟာ အိမ်မက်သက်သက်ပဲ...

တစ်ခါတစ်လေ အိမ်မက်တွေက ဆိုးလွန်းလို့
ကြောက်ခဲ့ရတယ်...

ဒီတစ်နေ့ အိမ်မက်ကတော့
ခြောက်ခြားဖွယ်ပန်းခင်းကြီး ထဲမှာ လမ်း
ပျောက်နေတဲ့ သူ့ကို တွဲဖော်ရတဲ့ လက်လေးတစ်ဖက်ရှိတာကြောင့် ကြောက်လန့်မှုလျော့ကျ
စေတယ်...

ဘယ်သူမှန်းမသိပေမဲ့ ကျေးဇူးတင်ပါတယ်....

တီတီ..

စားပွဲထောင့်က ‌နှိုးစက်လေးကြောင့်
နိုးလာရပီး မျက်နှာ လုံးလုံးလေးပေါ်
ကျလာတဲ့ နေရောင်ခြည်တွေကို
လက်နဲ့ ကာပီးမပစ်ပယ်မိ ၊
သိတာက ပေးသမျှ ထိုက်သမျှ အကုန်ယူ
ချင်တယ်~...

မနက်ဖြန်အတွက် ဒီနေ့ အားမွေးထားရမယ်။
ကျနော် အဆုံးသတ်ချင်ပြီ ။

.
.
.
.

မိုးတွေ တရိပ်ရိပ် အုတ်တက်လာလျက်
သစ်ပင်အကြီးကြီးရဲ့
အရိပ်ဟာ ရိပေါ် ကိုယ်လေး
ပေါ်ဖြာ မကျတော့ပဲ မိုးဖွားသေးသေး
လေးတွေကို လုံနိုင်ရုံလောက်သာ
ကာကွယ်ပေးသည်။

[The Pain]  Completed 🍵Where stories live. Discover now