နောက်နေ့မနက်။ ရှောင်းကျန့် မျက်လုံးကို ပထမဆုံးအကြိမ်ဖွင့်လိုက်တယ်။ အခန်းထဲက တခြားအမျိုးသားနှစ်ယောက်က သူတို့အထုပ်တွေကို သိမ်းနေတယ်။ စားပွဲပေါ်က နာရီဟာ အချိန် မနက် ၆ နာရီကို ပြနေပြီး ဝမ်ရိပေါ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းဖြစ်တယ်။
သူတို့စောင်တွေက ဆက်သွယ်နေတယ်။ တိတိကျကျပြောရရင် ရှောင်းကျန့်ရဲ့စောင်က ဘေးထောင့်ကို ကန်ထုတ်ခြင်း ခံထားရပြီး သူကတော့ ဝမ်ရိပေါ်ရဲ့ စောင်ထဲမှာ အိပ်နေတာဖြစ်တယ်။ ခြေဖဝါးတွေ နွေးထွေးနေလျက်ရှိပြီး ထိုခြေဖဝါးတွေဟာ ဝမ်ရိပေါ်ရဲ့ပေါင်ကို ဖိကပ်ထားတယ်။
အရမ်းအိပ်ချင်နေသေးတာမို့ ရှောင်းကျန့်က သူ့မျက်လုံးကို မှိတ်လိုက်တဲ့နောက် ပြန်အိပ်ပျော်သွားပြန်တယ်။
၇ နာရီကျော်လောက်မှာ နောက်ထပ် လူနှစ်ယောက်ထပြီး မျက်နှာသစ် ဘာညာလုပ်ပြီးတာနဲ့ ထွက်ခွာသွားကြပြန်တယ်။ ရှောင်းကျန့်က သူ့ပခုံးပေါ်က ဝမ်ရိပေါ်လက်မောင်းကို တွန်းလို့နှိုးလိုက်တဲ့အခါ အိပ်ချင်မူးတူးလေသံနဲ့ ပြောလာတယ်။
"ခဏအိပ်ဦးမယ်"
ရှောင်းကျန့်က မအိပ်ချင်တော့ဘူး။ ဒါပေမယ့် ဝမ်ရိပေါ်နဲ့အတူ ပြန်အိပ်ပျော်သွားပြန်တယ်။
၈ နာရီခွဲကျော်ကျော်လောက်မှာ ဝမ်ရိပေါ်က ဆတ်ခနဲ နိုးလာတယ်။ ရှောင်းကျန့်က သူနဲ့မျက်နှာမူရင်း ခေါင်းလေးငုံ့ အိပ်နေလျက်ရှိပြီး သူ့နဖူးဟာ ဝမ်ရိပေါ်ရဲ့ ရင်ဘတ်နဲ့ ထိလုမတတ်ရှိနေတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို မနှိုးချင်ဘူး။ သူ လှုပ်လည်း မလှုပ်ချင်ဘူး။ တကယ်ကို မလှုပ်ချင်တာ။
ငယ်ငယ်ရွယ်ရွယ်၊ ခွန်အားအပြည့်ရှိနေတဲ့ ဆရာလေးရှောင်ဝမ်တယောက် ခဏလောက် ပြန်အိပ်လိုက်တယ်။ အဲ့ဒီ့နောက် နိုးလာတာဟာ သူ့ရဲ့ဦးဏှောက်တင်မဟုတ်ဘူး။
ရှောင်းကျန့်ရဲ့ ခန္ဓာကိုယ်က သူနဲ့ အရမ်းနီးကပ်စွာရှိနေတယ်။ သူ နည်းနည်းလေးလှုပ်လိုက်တာနဲ့ အဲ့ဒီ့ဟာက ရှောင်းကျန့်ရဲ့ ခါးကို သွားထိတယ်။
YOU ARE READING
1992 ||Completed||