- 5 -

8.4K 1K 142
                                    

လာဆာရဲ့ ညချမ်းမှာ ဆရာလေးရှောင်ဝမ်တယောက် ကောင်းကောင်းအိပ်ပျော်ခဲ့တယ်။ သူ့ရင်ခွင်ထဲကလူကို သေချာဖက်ထားရင်း လူက ဟိုဘက် ဒီဘက်လှည့်ဖြစ်တာတောင် ရှောင်းကျန့်နဲ့တော့ ကွဲကွာမသွားဘူး။

မနက်မိုးလင်းလို့ သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မှာ ကောင်းကင်က မိုးစင်စင်လင်းနေပြီဖြစ်တယ်။ ရှောင်းကျန့်က သူ့ရင်ဘတ်ကို မှီထားတုန်းပဲ။ လတ်လတ်ဆတ်ဆတ်လျှော်ထားတဲ့ ခေါင်းလျှော်ရည်နံ့က သင်းသင်းလေး မွှေးနေတယ်။ သူ့မွေးရပ်မြေက ဂျုံဖူးတွေလိုမျိုးပဲ။

မကြာခင်မှာပဲ ရှောင်းကျန့်လည်း နိုးလာတယ်။ ဝမ်ရိပေါ်ပေါင်ကြားထဲ သူ့ခြေဖဝါး ထည့်ထားလျက်အတိုင်း သူ့ခြေထောက်ကို ဆန့်လိုက်တယ်။ ဝမ်ရိပေါ်က အပူပေးစက်ကြီးအတိုင်းပဲ။ သူ့ကိုယ်လုံးကို ကွေးကွေးလေး လုပ်အိပ်စရာမလိုအောင်ကို နွေးနွေးထွေးထွေးနဲ့ အိပ်ပျော်ခဲ့တယ်။

ရှောင်းကျန့်ရဲ့ ပါးတွေ ရဲနေတယ်။ ဝမ်ရိပေါ်လက်မောင်းပေါ်က သူ့ခေါင်းကို မြှောက်လိုက်တယ်။ သူ့နဖူးက ဝမ်ရိပေါ်နှုတ်ခမ်းနဲ့ ထိတော့မတတ်ပဲ။ အိပ်ချင်မူးတူးနဲ့ ပြောလိုက်တယ်။

"အိပ်လို့ကောင်းလိုက်တာ"

မျက်လုံးမဖွင့်ပဲ ရေရွတ်လိုက်တာဖြစ်တယ်။ ဒါပေမယ့် ဆရာလေးရှောင်ဝမ်ကတော့ ဘာမှမပြောဘူး။

တကယ်ကို အိပ်လို့ကောင်းတာ။ သူ မှတ်မိသလောက်ဆိုရင် သူ တခါမှ ဒီနေ့လို အိပ်မကောင်းခဲ့ဘူး။

သူငယ်ငယ်တုန်းက သူ့မွေးရပ်မြေ တောရွာလေးမှာ ဆောင်းတွင်းဆို သူ့အဖွားက သူ့ကို ဖက်အိပ်ပေးခဲ့တယ်။ မိုးလင်းနေပေမယ့် သူ့အဖွားက အေးလွန်းလို့ ပျင်းရိပြီး အိပ်ယာမထချင်ဘူး။ ဒါပေမယ့် ဝမ်ရိပေါ်ကတော့ ကလေးမို့ တအားအဆော့သန်တယ်။ တလှုပ်လှုပ်နဲ့ အငြိမ်ကို မနေဘူး။ တခါမှ ဒီနေ့လိုမျိုး မလှုပ်ချင်၊ အိပ်ယာမထချင်တာမျိုး မဖြစ်ခဲ့ဖူးဘူး။

ကြက်တွန်သံ ခဏခဏ ကြားပြီးတဲ့နောက် အိပ်ယာထရတော့မယ့်အချိန်ကို ရောက်လာခဲ့ပြီဖြစ်တယ်။

1992 ||Completed||Where stories live. Discover now