နှင်းတွေက ဆက်ကျနေတုန်းပဲ။ ဒီနေ့ ယန်အန်း အဝေးပြေးရုံးမှာ လူအနည်းငယ်ပဲရှိပြီး ကားအနည်းငယ်ပဲ ဖြတ်သွားတယ်။ တိဘက်နယ်ထိ ပို့ဆောင်ရမယ့်ကုန်တွေကို နှစ်ကူးကျော်မှပို့ဖို့ စောင့်ဆိုင်းထားတယ်။
နှင်းတွေက ပိုသည်းလာပြီး ရာသီဥတုက ပိုအေးလာတယ်။ ဝမ်ရိပေါ် ကားထဲမှာ ဆက်မနေနိုင်တော့ဘူး။ ရှောင်းကျန့်နဲ့ အတူပြန်လာတဲ့ အိမ်အပြန်လမ်းမှာလည်း နှေးနှေးပဲ မောင်းလာခဲ့တာဖြစ်တယ်။ မနက်ဖြန်ကျရင် ကားကို သူဌေးဆီ ပြန်အပ်ရမှာမို့ မောင်းထွက်လာခဲ့တယ်။ ဆရာလေးရှောင်ဝမ်အနေနဲ့ ယန်အန်းကိုရောက်ပြီး ညမအိပ်ဖြစ်တာ ဒါ ပထမဆုံးရက်ပဲ။
နောက်နေ့ မနက် ၅ နာရီထိ နှင်းကျတာ မရပ်ဘူး။ ဝမ်ရိပေါ် ချုံချင်းကို ပြန်ရောက်တယ်။
ကားကို သူဌေးပြန်အပ်လိုက်တယ်။ ကားသော့ပေးပြီး သူ့အဆောင်ပြန်တဲ့အချိန် သူ့အထုပ်ဟာ ပေါ့ပါးနေခဲ့တယ်။ အိပ်ယာပေါ်မှာထိုင်ရင်း အင်္ကျီလည်ပင်းထဲ နှိုက်လိုက်တဲ့နောက် ရှောင်းကျန့်ပေးထားတဲ့ ရွှေဆွဲပြားလေးက လက်ထဲပါလာတယ်။ ဘုရားပုံတော်လေးဟာ ဝမ်ရိပေါ်ရဲ့ လက်ဖဝါးထဲမှာ ပြုံးပြနေခဲ့တယ်။
ဒီနေ့ဟာ ၁၉၉၁ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်တယ်။
ကောကျင့်ဟာ လွီယို့ကျောင်းရဲ့ တဲငယ်ထဲမှာ အရိပ်တခုကို မြင်လိုက်တဲ့နောက် အလျင်အမြန်ပြေးသွားပြီး အော်ခေါ်လိုက်တယ်။
"ရုံအာ!"
တဲထဲမှာ ဘယ်သူမှ ရှိမနေဘူး။ အဖိုးကြီးလွီက မီးအိမ်အောက်မှာထိုင်ရင်း ကောကျင့်ကို မေးတယ်။
"သိုင်းသမားကောက တစုံတယောက်ကိုများ ရှာနေတာလား?"
*
၁၉၉၂၊ နှစ်သစ်ရဲ့ ပထမဆုံးနေ့။
ဝမ်ရိပေါ်ဟာ မနက်အစောကြီး ယန်အန်း အဝေးပြေးရုံးကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းဖြေတဲ့လူက သူ့ကို ခဏစောင့်ခိုင်းထားပြီး အကြာကြီးကြာတဲ့နောက်မှာ ဖုန်းပြန်ပြောလာတယ်။ ရှောင်းကျန့် ရုံးမှာ မရှိဘူးတဲ့။
ဝမ်ရိပေါ်ဟာ ဖုန်းကို ဆုပ်ကိုင်ထားရင်း ရှောင်းကျန့် ဘယ်တော့ပြန်လာမလဲလို့ မေးလိုက်တယ်။ ဖုန်းဖြေတဲ့လူက မသိဘူးတဲ့။
![](https://img.wattpad.com/cover/271275345-288-k872006.jpg)
YOU ARE READING
1992 ||Completed||