ဂျော်ဂျီယန်ပြက္ခဒိန်အရ ၁၉၉၂ ခုနှစ်ရဲ့ ဩဂုတ်လ ၅ ရက်နေ့မှာ ဆရာလေးရှောင်ဝမ် အသက် ၂၀ ပြည့်တယ်။
ဝမ်ရိပေါ်ရဲ့ ပထမ ၁၉ နှစ်လုံးမှာ တွေ့ဆုံခဲ့တယ်။ ခွဲခွာခဲ့တယ်။ အပြောင်းအလဲတွေ အများကြီး ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ သူ့ အသက် ၂၀ ပြည့်တဲ့ ပထမဆုံးနေ့မှာ သက်တောင့်သက်သာနဲ့ ကြည်နူးစွာ အိပ်ပျော်နိုင်ခဲ့တယ်။
မနက် ၆ နာရီတောင် မထိုးသေးခင်အချိန်ကတည်းက စပြီး ဆိုင်မှာ မွေးထားတဲ့ကြက်ဖက ခဏခဏ ထထ တွန်တယ်။ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်မှာ အိပ်ချင်လွန်းခဲ့တာများ ညကဆို သန်းခေါင်ကျော်တဲ့အထိတောင် မျက်လုံးကို ဖွင့်မထားနိုင်ခဲ့ဘူး။
အိပ်ယာမဝင်ခင်မှာ ရှောင်းကျန့်က ဝမ်ရိပေါ်နာရီကိုကြည့်ပြီး အချိန်ကြည့်တယ်။ ပြီးတော့ ဝမ်ရိပေါ်ရင်ခွင်ထဲ ပြန်ဝင်ပြီး သူ့မျက်နှာကို မော့လိုက်တယ်။ စောင်အောက်က အဝတ်မရှိတဲ့ သူတို့ခန္ဓာကိုယ်တွေနဲ့အတူ အရာအားလုံးက နူးညံ့နေတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ နှာသီးဖျားလေးကို နမ်းပြီး ပြောလိုက်တယ်။
"ဆရာလေးရှောင်ဝမ် ပျော်ရွှင်သောမွေးနေ့ ဝမ်ရိပေါ် အသက် ၂၀ ပြည့်ပြီ!"
"ကျေးဇူးပါ ကျန့်ကော အိပ်တော့လေ"
"အသက် ၂၀ ဆိုတာ မွေးနေ့ကြီးပဲ ဘာဆုတောင်းလဲ?"
သူ့ဘဝမှာ မွေးနေ့အတွက် တခါမှ ဆုမတောင်းခဲ့ဖူးဘူး။ ချုံချင်းကို ရောက်လာတဲ့အထိ ဝဝလင်လင် စားရရင် လုံလောက်ပြီလို့ပဲ တွေးခဲ့တယ်။ အခု ဆရာလေးရှောင်ဝမ်တယောက် အမေးခံရတယ်။ ဘာဆုတောင်းလဲတဲ့။
သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အခါ ရှောင်းကျန့်က မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း သူ့အဖြေကို မျှော်လင့်စောင့်စားနေတာကို တွေ့ရတယ်။ ဝမ်ရိပေါ်ပါးစပ်က လွှတ်ခနဲ ထွက်သွားတယ်။
"အလုပ်ပိုလုပ်မယ် ငွေရှာမယ် ပြီးရင် ရှောင်းကျန့်အတွက် အိမ်ဝယ်ပေးမယ်!"
*
အိပ်ယာစောစောထဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်းမှာ ရှောင်းကျန့်က ခွင့်ယူပြီး သူနဲ့ ခရီးဝေးလိုက်လာပြန်တယ်။ ဝမ်ရိပေါ်တယောက် အချိန်တွေ မှားတွက်တယ်လို့ သူ တခါမှ မပြောခဲ့ဘူး။ အဲ့တော့ သူ အလုပ်မြန်မြန်ပြီးမှဖြစ်မယ်။ အဲ့လိုမှ ရှောင်းကျန့် ပြဿနာမတက်မှာမလား။
YOU ARE READING
1992 ||Completed||