၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့မနက်မှာ နှင်း စကျတယ်။
အခက်အခဲ တချို့တလေ ကြုံရပြီးတဲ့နောက်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ ရှိဂါဆဲက ပါ့လွန်းရွာလေးရဲ့ မူလတန်းကျောင်းကို ပြန်ရောက်သွားခဲ့တယ်။
ဆောင်းဦးကုန်ခါနီးချိန် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရာသီဖြစ်တဲ့ ဆောင်းရာသီကို ဝင်လာခဲ့ပြီဖြစ်တယ်။ နယ်စွန်နယ်ဖျား တောရွာလေးတွေမှာ ဂျုံခင်းတွေပေါ် နှင်းတွေကျနေတယ်။ တိဘက်ရဲ့ ရာသီဥတုက မြို့တော်ရဲ့ ရာသီဥတုနဲ့ ထူးမခြားနားပါပဲ။
အဓိက ဒေသထွက်ကုန်တွေက ဘာလီဖြစ်ပြီး ဂျုံလည်း ထွက်တယ်။ ဆောင်းရာသီဟာ ဂျုံစိုက်ရမယ့်ရာသီဖြစ်တယ်။ ဒီနေ့မှာ ရွာငယ်လေးထဲ စိုက်ပျိုးတဲ့ တောင်ယာလုပ်ငန်းတွေနဲ့ အလုပ်ရှုပ်နေကြတယ်။ ဒီလမှာ မူလတန်းကျောင်းလေးဟာ တရက်ကို နေ့တဝက်ပဲ ဖွင့်ဖြစ်တယ်။ ကျောင်းသားတော်တော်များများဟာ မိဘတွေရဲ့ စိုက်ပျိုးရေး လုပ်ငန်းမှာ ကူညီပေးနေကြပြီး ကျောင်းအုပ်ကအစ လယ်ကွင်းတွေထဲ အလုပ်လုပ်ပေးနေတယ်။
"ဆရာလေးရှောင်ဝမ် ဆရာရှောင်း တကယ်မင်းတို့ပဲ! ဘာလို့ ဒီရောက်လာကြတာလဲ?"
ရွာထဲက တိဘက်လူမျိုးတွေ ဦးဆောင်မှုနောက် လိုက်လာတဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို အဝေးက လှမ်းမြင်တဲ့နောက် ကျောင်းအုပ်က သူ့လက်က ညစ်ပေနေတာတွေကို ခပ်သွက်သွက် ခါရင်း ဂျုံခင်းထဲက ပြေးထွက်လို့ သူတို့နှစ်ယောက်ရှိရာ လျှောက်သွားတယ်။ ရင်းနှီးတဲ့စကားသံကို ကြားပြီးတဲ့အခါ ရှောင်းကျန့်က ကျောင်းအုပ်ကို စကား သေချာ ဂရုထားပြောလိုက်တယ်။
"ကျောင်းအုပ်ကြီး မင်္ဂလာပါ ကျနော်တို့ ဒီကို လာတာ ဒီမှာ အကြာကြီးနေချင်လို့ နေလို့ရမယ့်နေရာ လာရှာတာ ရုတ်တရက်ကြီး ဖြစ်သွားမှန်းသိပေမဲ့..."
နှစ်ယောက်သား မောနေတာကိုကြည့်ပြီး ကျောင်းအုပ်ပါ ပင်ပန်းသွားသလိုပဲ။ ရှောင်းကျန့်ပြောတာ ကြားတဲ့နောက် သူ ဘာမှထပ်မမေးတော့ဘူး။ သူတို့ကို ဆွဲတင်ပေးပြီး လမ်းလျှောက်ရင်း ပြောလိုက်တယ်။
YOU ARE READING
1992 ||Completed||