ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဆွဲပြီး ပြေးတယ်။
သူတို့က ငယ်ရွယ်တဲ့သူဖြစ်တာရယ်၊ အရက်လည်း သောက်မထားတာရယ်ကြောင့် ခပ်မြန်မြန်ပြေးနိုင်တယ်။ နှစ်ယောက်သား ဟိုက်ဝေးလမ်းပေါ်ရောက်တာနဲ့ ကားပေါ် ခုန်တက်တယ်။ အရက်သမားတွေက လိုက်လာပြီး ကားကို ဝိုင်းထားကြတယ်။ ရန်ဖြစ်ရင် ပွဲက ဒီညနဲ့ ပြီးမှာ မဟုတ်ဘူး။
ရှောင်းကျန့် ကားပေါ်ရောက်တာနဲ့ ဝမ်ရိပေါ်မှာ တံခါးပိတ်ချိန်တောင် မရှိဘူး။ သော့ ၂ ချက်လှည့်ဖွင့်ပြီးတာနဲ့ ချက်ချင်းကားကို ဂီယာထိုးလို့ မောင်းထွက်တော့တယ်။
ထရပ်ကားက ကြီးလည်းကြီးတယ်။ သံထည်တွေနဲ့ ဆောက်ထားတာမို့လို့ ကားရွေ့တာနဲ့ အန္တရာယ်များတယ်။ ကားကို ပိတ်ထားတဲ့လူတွေဟာ ချက်ချင်းဘေးကို ရှောင်ထွက်သွားကြတယ်။
ဝမ်ရိပေါ်က တခါတည်း ဂီယာ နံပါတ် ၂ ချိန်းပြီး ထွက်တယ်။ တဇွတ်ထိုး အရှိန်တင် မောင်းလာပြီးတဲ့နောက် ကလပ်ချ်ကို လွှတ်လိုက်တဲ့အချိန်မှာတော့ သူတို့ကားဟာ ၂၀/၃၀ ကီလိုမီတာ မောင်းလာခဲ့ပြီဖြစ်တယ်။
ရှောင်းကျန့် ပြတင်းပေါက်ကနေ နောက်ကို လှည့်ကြည့်တဲ့အခါ ဘာကားမှ လိုက်လာတာ မတွေ့ရတော့ဘူး။ နှစ်ယောက်သား ကီလိုမီတာ ၁၀၀ နီးပါး မောင်းပြီးတဲ့နောက်မှာ ည ၁၁ နာရီခွဲကျမှ ကျို့ကုန်းမှာ တည်းခိုခန်းတခုတွေ့တော့တယ်။
အခန်းထဲရောက်တာနဲ့ ဝမ်ရိပေါ်က အိပ်ရာကုတင်နှစ်ခုကို ပူးကပ်လိုက်တယ်။ ရှောင်းကျန့်က သွားတိုက်ဆေးနဲ့ မျက်နှာသုတ်ပဝါကို လက်ကကိုင်ထားရင်း ကုတင်အစွန်းမှာ ထိုင်နေတယ်။ ဝမ်ရိပေါ်ရဲ့ အင်္ကျီပေါ်မှာ ဟင်းရည်တွေ စွန်းပေနေတာမို့ အဝတ်လဲနေရင်း ရှောင်းကျန့်ကို ပြောလိုက်တယ်။
"ကျန့်ကော မထင်ရဘူးနော် မိုက်တယ် အရင်က ရန်မဖြစ်ဖူးဘူးမလား?"
"မပြောစမ်းပါနဲ့ အဲ့လောက် စိတ်တိုဖို့ကောင်းတာ ငါ သူတို့ကို ဘယ်လိုလို့ လွှတ်ထားနိုင်မှာလဲ!"
"ကော ကျနော် စိတ်မဆိုးပါဘူး လမ်းပေါ်မှာ တွေ့တဲ့လူတိုင်းက အဲ့လိုပဲ ကောက စာပေသမားမို့ ဒီလိုလူတွေအကြောင်း မသိတာ"
YOU ARE READING
1992 ||Completed||