လိုင်းကားလေးဟာ လမ်းတလျှောက် ခရီးသည်တွေ တင်လိုက် ချလိုက်နဲ့ပဲ ချုံချင်းကားဂိတ်ကို မနက် ၃ နာရီထိုးမှာ ရောက်သွားတယ်။
ချုံချင်းရာသီဥတုက တကယ်ကိုပူတယ်။ ညလယ်သန်းခေါင်လည်း ပူတာပဲ။ ကားက လေဝင်လေထွက်မကောင်းတဲ့အခါ ပေါင်းဖိုကြီးလိုပဲ။ အကုန်လုံး ချွေးတွေ ပြန်နေကြတယ်။ ဝမ်ရိပေါ်ဟာ တစ်ရှုးလေးနဲ့ ရှောင်းကျန့်ကို ချွေးသုတ်ပေးတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ပခုံးပေါ်မှီထားပြီး အိပ်ငိုက်နေသလို နုံးခွေနေတယ်။
"ရှောင်းကျန့် ရာသီဥတုက ပူတယ် ကျနော်နဲ့ လိုက်ရတာ ဒုက္ခခံရသလိုဖြစ်နေပြီ"
"အင်း ဟုတ်တယ် နေလို့ ထိုင်လို့ မကောင်းဘူး မင်းမောင်းတဲ့ ကုန်အပြည့်ကားပေါ် ထိုင်လိုက်ရတာ ပိုကောင်းတယ်"
ရှောင်းကျန့်က မျက်လုံးဖွင့်မကြည့်ဘူး။ ဝမ်ရိပေါ်ရဲ့လက်မောင်းကို ဖက်တွယ်ထားရင်း သူ့ခေါင်းကို အပေါ်တိုးလိုက်တဲ့အခါ သူ့နဖူးက ဝမ်ရိပေါ်ရဲ့မေးရိုးနဲ့ ထိနေတယ်။ ပြီးတော့ ဆက်အိပ်တယ်။
ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက်ဟာ ကားပေါ်ကနေ နောက်ဆုံးမှ ဆင်းတဲ့သူတွေ ဖြစ်တယ်။ ကျောမှာ ချွေးတွေစိုနေပြီး နှစ်ယောက်လုံးက ဘောင်းဘီရှည်ဝတ်ထားကြတာမို့ ချွေးတွေဟာ ပေါင်ကနေ စီးကျနေတယ်။
"ရိပေါ် ငါ ရေချိုးချင်တယ်"
"အင်း အဆောင်ကို ပြန်ပြီး ရေချိုးမယ်လေ"
ဝမ်ရိပေါ်က အထုပ်ကိုဆွဲရင်း ရှေ့ကလျှောက်တယ်။ အဲ့ဒီ့နောက် ခဏရပ်ပြီး နောက်လှည့်လို့ ရှောင်းကျန့်နဲ့ မျက်နှာချင်းဆိုင်တယ်။
"ဒါမှမဟုတ် တည်းခိုခန်း ရှာနေမလား? ကျနော့်အဆောင်က... နည်းနည်း အခြေအနေ သိပ်မကောင်းလို့"
"မင်းအဆောင်မှာပဲနေမယ် အခြေအနေ ဘယ်လောက်ဆိုးဆိုး လမ်းဘေးက တည်းခိုခန်းထက်တော့ သာမှာသေချာတယ် သွားရအောင် အရမ်းပူတယ်"
အဲ့ခေတ်တုန်းက ညဘက် ပြေးဆွဲတဲ့ လိုင်းကားမရှိဘူး။ နှစ်ယောက်သား ၁ နာရီလောက် လမ်းလျှောက်ပြီးတဲ့နောက် သုံးဘီးကားတစီးကို တွေ့သွားတယ်။ ဝမ်ရိပေါ်မှာ တောင်းတောင်းပန်ပန်နဲ့ ပြောငှားတာမို့ နောက်ဆုံးမှာတော့ သုံးဘီးကားဆရာဟာ မနက် ၄ နာရီကျော် အချိန်ကြီးမှာ လိုက်ပို့ပေးဖို့ သဘောတူတော့တယ်။
YOU ARE READING
1992 ||Completed||