- 7 -

7.4K 999 156
                                    

မြူနျန်းစီဟာ နျဲ့ကျားရွာမှာ သေခါနီးဖြစ်နေတဲ့ ရန်ကန်းကို ကယ်ထုတ်လာခဲ့တယ်။ သမားတော်ပြောတာက ရန်ကန်းကို အသက်ကယ်ချင်ရင် သွေးလဲပစ်ရမယ်တဲ့။

မြူနျန်းစီသိတယ်။ သူမဟာ ရန်ကန်းနဲ့ အတူရှိမနေသင့်ဘူးဆိုတာကိုပေါ့။ ဒါပေမယ့် အဲ့ဒီလူဟာ ရန်ကန်းပဲ ဖြစ်ဖြစ်၊ ဘုရင့်သားပဲဖြစ်ဖြစ် သူမ ကယ်တင်ခဲ့တာပါပဲ။

"ငါ သူ့ကို ဟိုးအရင်ကတည်းက ချစ်ခဲ့တာ ငါ့ရဲ့ စွဲလမ်းခြင်းကို ပြောင်းရမယ့်အစား ငါ့သွေးနဲ့ လဲပေးတာမျိုး မလုပ်ခဲ့သင့်ဘူး"

ဝမ်ရိပေါ်ဟာ အရိုက်အနှက်လည်း ခံခဲ့ရသလို ကားတိုက်ခံရတာကြောင့် ၂ မီတာလောက် အဝေးကို လွင့်ထွက်သွားခဲ့ရပေမယ့် ဘုရားပုံတော်လေးရဲ့ ကောင်းချီးပေးမှုအောက်မှာ ပြန်လည် သက်သာလာခဲ့တယ်။ သူ သတိရတဲ့အချိန်မှာ သူ့ဆွဲပြားလေးက လည်ပင်းမှာ ရှိနေတုန်းပဲ။

ဘယ်ဘက်ခြေထောက် ကျိုးသွားခဲ့ပြီး ဘယ်ဘက်လက် အရိုးအက်သွားခဲ့တယ်။ ငယ်ရွယ်ပြီး သန်မာတဲ့သူမို့ တော်သေးတယ်ပြောရမယ်။ ဆရာဝန်က သူ့ကို ၁ လကျော်လောက်တော့ ဆေးရုံတက်ရမယ်တဲ့။

မတော်တဆဖြစ်တဲ့နေရာက ယာ့ကျန်းနယ်ရဲ့ 318 ဟိုက်ဝေးလမ်းမကြီးပေါ်မှာမို့ ဝမ်ရိပေါ်ကို ယာ့ကျန်းပြည်သူ့ဆေးရုံကို ပို့ပေးထားတယ်။

သူဌေးက သူ့ဆရာနဲ့ တခေါက်လာကြည့်ပြီး ဝမ်ရိပေါ်ကို စိတ်မပူဖို့ပြောတယ်။ သက်သာမှ ချုံချင်း ပြန်လာဖို့နဲ့ ငွေ ယွမ် ၂၀၀ ပေးသွားပြီး ထရပ်ကားကို မောင်းပြန်သွားတယ်။

အမှုစစ်ရဲအရာရှိတွေ ရောက်လာပြီး ဝမ်ရိပေါ်ကို ၂ ကြိမ်လာ စစ်ဆေးတယ်။ မှတ်စရာရှိတာ မှတ်ပြီး ပြန်သွားတဲ့နောက် ဘယ်သူမှ ဝမ်ရိပေါ်ဆီ မလာတော့ဘူး။

ဝမ်ရိပေါ်က ငယ်ငယ်ကတည်းက သူ့ဟာသူ ကုလာတာ။ ဒဏ်ရာက ပထမပတ်လောက်ပဲ နာကျင်ပြီး နောက်ရက်တွေမှာ သူ့အတွက် နေသားကျသွားတယ်။ ဆရာဝန်နဲ့ နာ့စ်တွေက ကောင်းကောင်းဂရုစိုက်ပေးတယ်။ တိတိကျကျပြောရရင်တော့ လောလောလတ်လတ် သင်တန်းကျောင်းဆင်းလာတဲ့ နာ့စ်လေးက စိတ်ပါလက်ပါ အရှိဆုံးပဲ။ အစားအသောက် ယူပေးတာတွေကို အဲ့နာ့စ်လေးက လုပ်ပေးတယ်။

1992 ||Completed||Where stories live. Discover now