အပိုင်း(၁)

24.8K 757 35
                                    

လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁)

" ကကြိုး ဟဲ့ကကြိုး နင်ထတော့လေ နေကဖင်ထိုးနေပြီ ''

ကကြိုးမထဲဘဲ အိပ်ယာထဲမှာလူးလိမ့်ပြီး ပြန်အိပ်လိုက်သည်။

" ငါနင့်ကိုကောင်းကောင်းနှိုးတယ်နော် ''

" အာ အမေကလည်းဗျာ တော်ပြီပြန်အိပ်အုံးမယ် ''

" အေးတွေ့မယ် ''

ဒေါ်​​ရွှေရည်လဲ့အနီးနားကထန်းပလက်ကို ဆွဲပြီး ကကြိုးဖင်ကိုစပ်စပ်လေးရိုက်ပေးလိုက်သည်။

ဖြန်းဖြန်းဖြန်း

" အာ့ အာ့ နာတယ်အမေရ ''

ကကြိုးဖင်လေးကိုပွတ်ပြီး အိပ်ရာမှ ခုန်ဆွခုန်ဆွနှင့်ထလာသည်။

" နာမနေနဲ့ အိပ်ရာသိမ်း ''

" ဟွန့် လူကိုဆိုအားရှိရင်ရိုက်မယ်ဆိုတာချည်း ''

" ဘာရိုက်မယ်ဆိုတာချည်းလဲ မပြောလိုက်ချင်ဘူး လူကဖြင့် ကိုးတန်းရှိပြီ အားရှိတိုင်းပျင်းနေ ''

" အိပ်ရာသိမ်း မျက်နှာသစ်လုပ်ပြီးရင်အောက်မှာ ထမင်းကြော်ထားတာရှိတယ် ''

ဒေါ် ရွှေရည်လဲ့ သားဖြစ်သူကိုဆူပူကြိမ်းမောင်း
ရိုက်နှက်နှိုးပြီးသည်နှင့် ထွက်သွားတော့သည်။

ကကြိုးဆိုတာ သာမန်မိသားစုက မွေးဖွားလာတဲ့ကလေးတစ်ယောက် ။ တောရွာမှာပဲကြီးပြင်းခဲ့ရသည်။ ဖေဖေနဲ့မေမေက အရမ်းမချမ်းသာပေမဲ့ မဆင်းရဲပေ။ သူများတန်းတူထားနိုင်သည်။

ဖေဖေတို့မိသားစုက ဆင်းရဲသည်။ မေမေတို့ကအရမ်းချမ်းသာသည်။ မေမေကတစ်ချိန်က စိန်ဆိုင်ပိုင်ရှင်ရဲ့သမီးတစ်ယောက်။ ဒါပေမဲ့ဖေဖေ့ကိုရွေးခဲ့တာကြောင့် မေမေရဲ့အမေကအမွေဖြတ်စွန့်လွှတ်ခဲ့သည်။

မေမေကလည်းမာနကြီးသည်။ ပြန်မခေါ်မချင်းမသွားဘူးဟုဆုံးဖြတ်ကာဒီအိမ်မှာသာဖေဖေနဲ့အတူနေသည်။ အဖွားဆီဘယ်တုန်းကမှမသွားခဲ့။
ဖွားဖွားတောင်ရှိသေးရဲ့လားမသိတော့။ ဒါပေမဲ့မေမေကဖွားဖွားကိုအရမ်းလွမ်းနေတာသိသာသည်။ ခါကြီးရက်ကြီးတိုင်းအမြဲတမ်းသက်ကြီးရွယ်အိုတွေကိုကန်တော့လေ့ရှိသည်။ သင်္ကြန်ဆိုလဲမေမေကထိပ်ဆုံးကပင်ပြုစုပေးသည်။ မေမေလည်း မာနတွေနည်းနည်းလောက်လျှော့လိုက်ရင် အဖွားနဲ့ တွေ့နေမလားပင်။

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now