အပိုင်း (၁၉)

3K 191 1
                                    

🍒🌃လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁၉)🌃🍒

ကိုမာန်တို့ စာမေးပွဲဖြေလာတာ ခုဆို ၅ ဘာသာတောင်ပြည့်ခဲ့ပြီ နက်ဖြန်တစ်ရက်ပြီးရင် ကိုမာန်တို့လည်း စားမေးပွဲဖြေပြီးပြီဖြစ်သည်။

ဒီနေ့တော့ စာမေးပွဲမပြီးခင် တစ်နာရီလောက်လိုထဲက ကြိုရောက်နေသည်။ ကိုမာန်လည်းမကြာခင် မေးခွန်းစာရွက်ပိုက်ကာ ထွက်လာတော့မည်။

" သားလေး မင်းအစ်ကိုအတွက်စိတ်တွေလှုပ်ရှားနေတာလား ''

" ဟုတ်တယ် ဒေါ်လေး ကိုမာန် ဂုဏ်ထူးတွေအများကြီးပါလောက်ပါတယ်နော် ''

" ပါမှာပေါ့ကွ မင်းရဲ့ကိုမာန်ပဲဟာ  ''

  မင်းရဲ့ကိုမာန်ဆိုတဲ့ ဒေါ်လေးရဲ့စကားကြောင့် ကကြိုး ကျေနပ်စွာပြုံးမိသည်။ သူသဘောကျပါသည်။ ထိုနာမ်စားလေးကို...

ခဏကြာတော့ မေးခွန်းစားရွက်ကို လည်ပင်းနဲ့ မေးစေ့ကြားညှပ်ပြီး လက်နှစ်ဖက်ကိုတော့ ကျွတ်လုဆဲပုဆိုးကို ပြင်ဝတ်လျက်ထွက်လာသော ကိုမာန်ကိုတွေ့ရသည်။

" ကိုမာန် ''

ကကြိုး လက်ပြကာ ကိုမာန္ဆီ အပြေးသွားလိုက်သည်။

" ကိုမာန် ဖြေနိုင်လား  ''

" အင်းဖြေနိုင်တာပေါ့ကွ ''

  လရိပ်မာန်ပြောရင်း ကကြိုးရဲ့ဇက်ကလေးပုဝင်သွားအောင်ခေါင်းလေးကိုခပ်ဖွဖွဖိလိုက်သည်။

  ထိုကောင်လေးကတော့ အလိုက်သင့်ခေါင်းလေးပုရင်း ပြုံးပြလေသည်။

" ကိုယ် စာမေးပွဲပြီးတဲ့အထိ စောင့်နေပေးတဲ့ ကောင်လေးကို ဂုဏ်ပြုပေးသောအားဖြင့် မနက်ဖြန် မြို့အနှံ့ အလည်ပို့ပေးမယ် ''

" တကယ်နော် ''

   ကကြိုး ပြုံးပြုံးကလေးလုပ်ကာ ဒူကလေးကိုညွှတ်လျက် မေးလာသည်။

" တကယ်ပေါ့ ''

    လရိပ်မာန် လက်ချောင်းရှည်တွေကို ကကြိုးရဲ့ ဆံပင်တွေကြားခပ်ဖွဖွလေးထိုးလိုက်ရင်းပြောလိုက်သည်။

    မင်းရဲ့အပြုံးလေးက ဟောဒီကမ္ဘာပေါ်မှာ ကိုယ်အမြင်ချဆုံး မင်းရဲ့မျက်ရည်တွေက ကမ္ဘာပေါ်မှာ ကိုယ်မလိုချင်ဆုံး..........

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now