အပိုင်း(၅)

5.3K 336 2
                                    

🍒🌃 လရိပ်ဆင်သည့်ကကြိုး အပိုင်း (၅) 🌃🍒

က​​ကြိုးနေ့တိုင်း ကိုမာန်နဲ့ ပဲကျောင်းကိုစက်ဘီးနဲ့သွားဖြစ်သည်။ သို့သော် အခုချိန်ထိသူ့ခါးကိုမဖက်ဖူးသေး။ အမြဲတမ်း သူ့ရဲ့အင်္ကျီစအဖြူလေးကိုပဲ ခပ်ဖွဖွလေးကိုင်ကာ အနောက်ကလိုက်ဖြစ်ခဲ့သည်။ ကိုင်ဖို့ကြိုးစားပေမဲ့တစ်ခါတစ်လေ တစ်ချို့သောအရာတွေကတားဆီးနေသလို။ ထိုခံစားချက်ကိုတစ်ယောက်ထဲ​ကြိတ်ခံစားနေရသူသူ့အတွက် ဘယ်သူကများ နားလည်မှာလဲ။

" ကြိုး ''

ကျောင်းဝန်းထဲရောက်ရောက်ချင်း လက်ပြကာခေါ်နေသော သူငယ်ချင်းမလေး ရှင်းဆီကိုဦးတည်သွားလိုက်သည်။ သစ်စကတော့ ခုချိန်ရောက်သေးသည့်ပုံမပေါ်။

" ရှင်း နင်တစ်ယောက်ထဲလား ''

လွယ်ထားသည့်လွယ်အိတ်ကိုပေါင်ပေါ်မှာတင်ပြီး ထိုင်ကာမေးလိုက်သည်။ ထိုကောင်မလေးကတော့ လက်ထဲက အချဉ်ပေါင်းထုပ်ကိုပင်မချပေ။

" အေး မလာသေးဘူးဟ ဒီကောင်ဘာတွေဒီလောက်ကြာနေတယ်မသိပါဘူးဟာ ''

  ပြောရင်းအချဉ်ပေါင်းထုပ်ကို အားပါးတရ ဆွဲကာစားဝလိုက်ဖြင့် နှုတ်ခမ်းမှာ အနီရောင် အဖတ်လေးတွေပင်ကပ်သွားသည်။

ကကြိုးလည်းလွယ်အိတ်ထောင်ထဲမှာအသင့်ပါနေကျဖြစ်သော လက်ကိုင်ပုဝါလေးကိုထုတ်ကာပေပွနေသော နှုတ်ခမ်းပတ်လည်ကို ခပ်ဖွဖွလေး သုတ်ပေးလိုက်သည်။

ရှင်းတစ်ယောက် ရုတ်တရက်မို့ကြောင်သွားသော်လည်း မငြင်းဆန်မိ။

" ကျေးဇူးပဲ ''

" ရပါတယ် ငါတို့ကသူငယ်ချင်းတွေပဲ ဆိုးတူကောင်းဖက်ပေါ့ ''

  " ဟီးဟီး ''

  ရှင်းကတော့ သူ့ကိုကြည့်ပြီး ပြုံးပြုံးလေးလုပ်ပြသည်။ မျက်မှန်ဝိုင်းလေးအောက်မှာလည်း မျက်ရည်စလေးအချို့က တွဲခိုနေသည်။ ထိုအရာကိုဘေးမှာရှိတဲ့ကောင်လေးတစ်ယောက်က သတိပင်မထားမိခဲ့ပေ။

တစ်ချို့သောနာကျင်မှုတွေဆိုတာ ဂရုစိုက်မှုတွေက စတင်ခဲ့ခြင်းသာဖြစ်မယ်ဆို ထိုကောင်မလေးလည်း.....

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now