အပိုင်း(၁၅)

3.8K 229 28
                                    

🍒🌃လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁၅)🌃🍒

  ရှင်းနဲ့သစ်စ အိမ်ပြန်ရောက်တော့ ကကြိုးတို့ပင်ပြန်ရောက်နေပြီဖြစ်သည်။

" သစ်စ မင်းတို့ကလည်း ဘယ်သွားကြတာလဲကွာ ''

" ရွာထဲခဏပါကွ မင်းတို့နှစ်ယောက်ကရော ဘယ်ရောက်နေကြတာလဲ ပြီးတော့မင်းခြေထောက်က ပတ်တီးရောဘာဖြစ်လာတာလဲ ''

  ကိုယ်မေးလိုက်တာ တစ်ခွန်းရယ် သူ့မေးခွန်းတွေကမပြီးနိုင် သစ်စလေ​ကြောကိုရှည်တယ်။

" ဘာမှမဟုတ်ပါဘူးကွာ ဒီတိုင်းနည်းနည်းလေးထိခိုက်မိတာပါ''

" အမလေး ဘာနည်းနည်းလဲ ကကြိုး နင့်ဟာနင်ကမြင်းကြောထလို့ မန်းကျည်းပင်ပေါ်ကပြုတ်ကျတာလို့ပြောလိုက်ပါလား ''

" ဟာဗျာ အမေကလည်း ''

" ခွီး ''

ကကြိုးကမသိစေချင်လို့မို့ ဒီတိုင်းပဲလို့ပြောလိုက်တာကို ဘယ်တုန်းကတည်းကရှေ့နေလိုက်ချက်နေမှန်းမသိသောအမေက ဖဲ့လိုက်လေသည်။

ဒီလိုပါပဲ အမေဆိုတာ အားအားရှိရှိဖဲ့မသားချည်းပဲလေ။

ကကြိုးဘာမှပြန်မပြောတော့ပဲ မျက်နှာကိုသာဆူပုတ်ထားလိုက်တော့သည်။

ရှင်းနဲ့ သစ်စကတော့သူ့ကို ကြည့်ကာအသံတိတ်ရီနေဆဲ။ လရိပ်မာန်ကတော့ ရှုမဝနိုင်အောင်ကြည့်နေဆဲပင်။

🌘🌘🌘💫💫💫🌒🌒

ညအ​မှောင်မှာ ​​ပြည့်လုလုလမင်းရဲ့အလင်းရောင်ကား ကောင်းကင်အနှံ့မှာဖြန့်ကျက်ကာနေရာယူထားသည်။ ဘေးပတ်ပတ်လည်က ကြယ်လေးတွေကလည်း လမင်းကိုအလင်းရောင်ကိုပိုလို့ပင်တောက်ပစေသည်။ ကြယ်တွေဆိုတာ တစ်ဦးတည်းသောအထီးကျန်လမင်းရဲ့အဖော်ပင်မလား။

  "ကကြိုးမအိပ်သေးဘူးလား ''

လရိပ်မာန်တစ်ယောက်ထဲကောင်းကင်ကိုငေးနေသော ကကြိုးဘေးတွင်ထိုင်ကာစကားစမေးလိုက်သည်။

" ဟုတ်ကိုမာန် အိပ်မပျော်သေးလို့ပါ အဲ့ဒါနဲ့ကောင်းကိုထိုင်ကြည့်နေတာ ''

  ကကြိုးပြောရင်းဘေးက လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုငှဲ့ကာ လရိပ်မာန်ဆီပေးလိုက်သည်။ ထည့်ပြီးသားတစ်ခွက်ကိုတော့ သူကမော့သောက်လိုက်သည်။

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now