အပိုင်း(၃)

6.7K 370 2
                                    

🌃 လရိပ်ဆင်သည့်ကကြိုး အပိုင်း (၃) 🌃

လရိပ်မာန် နေ့လည်ကအလုပ်လုပ်ထားတဲ့အရှိန်ကြောင့်ပင်ပန်းတာနှင့် စောစောအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ တစ်ရေးနိုးဗိုက်ဆာတာနှင့် အောက်ဆင်းလာတော့ တစ်ယောက်ထဲမို့ မီးလည်းဖွင့်မနေတော့ပဲ ခေါက်ဆွဲပြုတ်လိုက်သည်။ ဒါကိုဘယ်ကရောက်လာမှန်းမသိတဲ့ မိန်ကလေးလို ပျော့ဖတ်ဖတ်နဲ့ကောင်လေးက တုတ်နဲ့ လာရိုက်သည်မို့ သူမရိုက်ခင် လက်ကို ဦးအောင်ချုပ်လိုက်ရသည်။ မီးဖွင့်လိုက်တော့မှ အံံ့ဩသလိုနှင့်သူ့ကိုစိုက်ကြည့်နေသည်။ အရပ်ကလည်းမိမိနှင့်ယှဉ်ရင် ရင်ဘတ်ကျော်ကျော်လောက်သာရှိသည်မို့ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ လွှမ်းမိုးမှုအောက်မှာမြုပ်နေသည်။ မိမိကိုမော့ကြည့်လာတဲ့ကောင်လေးကိုပြန်ကြည့်လိုက်တော့ ရှက်သလိုလိုနှင့်ခေါင်းကိုပြန်ငုံ့သွားသည်။

" တောင်းပန်ပါတယ်နော် ...ဟို... ကျွန်တော်သူခိုးမှတ်လို့ပါ ''

ကကြိုး လရိပ်မာန် အောက်ကထွက်ပြီးပျာပျာသလဲတောင်းပန်လိုက်သည်။

မိမိကိုတောင်းပန်နေသည့်ပြဿနာအိုးလေးကိုကြည့်ပြီး လရိပ်မာန်စိတ်မဆိုးဘဲ ပြုံးမိသွားသည်။

" မင်းငါ့ကိုအခု သူခိုးလို့ပြောလိုက်တာလား ''

" မဟုတ်ပါဘူးဗျာ အဲ့လိုသဘောမဟုတ်ပါဘူး အဲ့ဒါကလေဟို..... ''

ကကြိုးဘာဆက်ပြောရမှန်းမသိပဲခေါင်းကိုသာ ကုပ်နေမိတော့သည်။ မိမိကိုဖြေရခက်ပြီးခေါင်းကို ပွတ်နေသော ကောင်လေးကိုကြည့်ပြီးလရိပ်မာန်ရယ်မိသည်။

** ဘာလဲဟ လူကြည့်ရီနေ **

ဗွက် ဗွက်

တဗွက်ဗွက် ဆူလာသည့်ခေါက်ဆဲဲ​ပြုတ်အိုးကြောင့် လရိပ်မာန်ခေါက်ဆဲဲပြုတ်အိုးဆီပြေးခဲ့တော့သည်။ ကကြိုးလည်းထိုအခြေနေကိုအခွင့်ကောင်းယူကာ လရိပ်မာန်ဆီမှထွက်ပြေးကာ အိမ်ပေါ်သို့တက်ပြေးခဲ့သည်။

" သွားတော့မယ်နော် ''

လရိပ်မာန်ပြေးတက်သွားသော ကကြိုးကိုကြည့်ပြီးတစ်ခါထပ်ပြုံးမိသည်။

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now