အပိုင်း(၁၆)

3.4K 205 11
                                    

🍒🌃လရိပ်ဆင်သည့်ကကြိုး အပိုင်း (၁၆)🌃🍒

လရိမာန် ၊ ကကြိုး ၊ ဆန်းသစ်စ ၊ မေရှင်းရာ လေးယောက်သား ဘုရားကြီးဆီသို့ ဖယောင်းတိုင်တစ်ယောက်တစ်ထုပ်နှင့်ထွက်လာခဲ့ကြသည်။ မြန်မာဝတ်စုံရိုးရိုးလေးတွေနဲ့ ယဉ်လှပါသော ရိုးလှပါသော သူငယ်ချင်းတစ်စုကား ရွာထဲကလူတွေရဲ့အာရုံကိုဖမ်းစားနိုင်သည်။

  မိုးပြာရောင် အင်္ကျီလက်ရှည်တွေနဲ့လူနှစ်ယောက်ကား ပို၍လိုက်ဖက်သည်။ နတ်တွေကများ ဖန်ဆင်းပေးခဲ့လေသလား ။

  မျက်မှန်ဝိုင်းလေးနဲ့ကောင်မလေးကတော့ ဘေးက အဖြူရောင် အင်္ကျီလက်ရှည်နဲ့ပုဆိုးအနက်ကိုဝတ်ဆင်ဖြီးဆံပင်ကိုလိပ်တင်ထားသော သစ်စကိုသာ တစ်ချက်ချက်ခိုးကြည့်မိသည်။

ရင်ခုန်သံဆိုတာကို သတိပြုမိချိန်မှာ ပို၍ပင်နှောင်းတိုးချင်သည်မဟုတ်ပါလား...

  ဘုရားကြီးထဲရောက်သည်နှင့် ကကြိုးတို့လူစုကွဲသွားကြသည်။ လရိပ်မာန်နဲ့ကကြိုးက တစ်ဖက်
ရှင်းနဲ့ သစ်စကတစ်ဖက်။

  ကကြိုး ဖယောင်းတိုင်ကိုမီးညှိပြီးသည်နှင့် ထွန်းရစေရန်ဖယောင်းစက်အချို့ချပြီး ဖယောင်းတိုင်ကို ထွန်းလိုက်သည်။ ပြီးသည်နှင့် ဘုရားကန်တော့သည်။ လရိပ်မာန်လည်းသူ့အတိုင်းပင်လိုက်လုပ်ပြီး သူဘုရားကန်တော့ချိန်မှာ လိုက်ကန်တော့သည်။  နှစ်ယောက်သား ဘုရားရင်ပြင်ပေါ်မှာ အင်္ကျီဆင်တူ ပုဆိုးဆင်တူဝတ်စုံတူဖြင့် ဘုရားကန်တော့နေသည့်မြင်ကွင်းမှာ ကြည့်လို့ကောင်းလှသည်။ ရွာထဲမှ မီးလာထွန်းသည့် လူအချို့ပင် သူတို့ကြည့်သွားကြသည်။ တစ်ချို့မှာ ပြုံးလျက် တစ်ချို့မှာမဲ့လျက်။ သိူ့သော် ဘုရားရင်ပြင်ပေါ်မှ လူသားနှစ်ဦး၏ရင်ထဲမှာတော့ ငြိမ်းချမ်းမှုနဲ့ ကြည်နူးမှုသာနေရာယူထားသည်။.....

" ကကြိုး ကိုယ်တို့ ဗြော​က်သွားဖောက်ကြမလား ''

" အင်း သွားမယ် ကျွန်တော်လည်း ဗြောက်တွေဖွက်လာတယ် ''

ကကြိုးပြောရင်း ခါးပုံစ ထဲက ဗြောက်လိပ်​လေးတွေကိုဖြည်ပြလိုက်သည်။

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now