အပိုင်း(၇)

4.8K 308 0
                                    

🍒🌃 လရိပ်ဆင်သည့်ကကြိုး အပိုင်း (၇) 🌃🍒

ဒုန်းးးးးး

ကျယ်လောင်သော တံခါးပိတ်သံဟာ အိမ်ထဲမှာ ဟိန်းကာထွက်သွားသည်။

  တောက်!!...

     လရိပ်မာန်အခန်းထဲရောက်သည်နှင့် နောက်တစ်ကြိမ်တောက်ခေါက်မိပြန်သည်။ ခန္ဓာကိုယ်ကို အိပ်ယာပေါ်ပစ်လှဲလိုက်ကာ မျက်နှာကျက်ကိုကြည့်လိုက်မိတော့ ပြုံးဖြီးနေသည့် ကကြိုးရဲ့မျက်နှာ။

  လရိပ်မာန် မှာ ကကြိုးကိုစိတ်ပူနေသဖြင့် တစ်နေကုန်မြို့ထဲလှည့်ပတ်ရှာခဲ့ရသည်။ ကကြိုးသူကတော့ လူတစ်ယောက်နဲ့ပြုံးပျော်ကာ စကားတောင်ဖောင်ဖွဲ့နေသည်။ သူ့မှာတော့ ထမင်းတောင်မစားနိုင်ခဲ့။ တွေးလေတွေးလေ ပို၍ပင် ဒေါသထွက်ရလေဖြစ်သည်။

သူကတော့စိတ်ပူနေမိသည်က နေရာတိုင်းဖြန့်ကျက်ကာရှာခဲ့သည်။ ကကြိုးသူကတော့ ပြုံးပျော်နိုင်သည်။ ဘယ်လိုထွက်လာသည်မသိသော်လည်း ဒေါသတွေက ထိပ်ဆုံးသို့။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

အိမ်အပေါ်ထပ်က တံခါးပိတ်သံကို အတိုင်းသားကြားလိုက်ရသည်။ လူတစ်ကိုယ်လုံးပင် လန့်ဖျတ်သွားရသည်ထိ။ ကိုမာန်ဘာကိုစိတ်ဆိုးနေသည်ဆိုတာကို အတိကျမပြောနိုင်သော်လည်း အရမ်းစိတ်ဆိုးနေတာသိသာပါသည်။

ပြန်ရောက်ထဲက ထမင်းစားတာလည်းမတွေ့ရပေ။

" ကြီးလုံး ''

  " ပြောလေ ကကြိုး ''

" ကိုမာန်က စိတ်အရမ်းဆိုးနေပုံပဲနော် ဘာဖြစ်သွားတာလဲတာ ''

  " ဘာမှ မဖြစ်ပါဘူးကွယ် ဒီတိုင်းအပြင်မှာ တစ်ခုခုဖြစ်ခဲလို့ဖြစ်ပါလိမ့်မယ် ''

  " ဪ ''

" ဒါနဲ့ ဒါက ကိုမာန်အတွက်လား ''

   ကကြိုး ကြီးလုံးလက်ထဲမှာကိုင်ထားသည့် နွားနို့ခွက်ကို ထိုးပြကာမေးလိုက်သည်။

" ဟုတ်တယ် သားမာန်က အိပ်ခါနီးတိုင်းနွားနို့သောက်နေကျလေ ''

" သားပေးလေ ကြီးလုံး သားသွားပို့လိုက်မယ် ''

" မဖြစ်ပါဘူးကွယ် ကြီးလုံးဘာသာပဲသွားပါ့မယ် ''

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now