အပိုင်း(၂၃)

3.1K 188 9
                                    

🍒🌃လရိပ်ဆင်သည့်ကကြိုး အပိုင်း (၂၃)🌃🍒

   အချိန်ကာလတို့ကား ခွဲခွာရချိန်မှာ ရှည်လျားလွန်းသည်။ ကိုမာန်နဲ့ ညပိုင်းခဏသာ စာသင်ရင်းကုန်ဆုံးခဲ့သည့်နေ့တို့သည့်လည်း ကုန်ဆုံးလုနေပြီဖြစ်သည်။ အခုဆို က​ကြိုးတို့ပင် စာမေးပွဲကြီးတွေဖြေရတော့မည်။

  " ကြီးလုံး လက်ထဲကနွားနို့ခွက်က ကိုမာန့်တွက်မလား ကျွန်တော်ပဲယူသွားတော့မယ် ခဏနေစာသင်ရအုံးမှာ ''

မီးဖိုခန်းထဲမှာ နွားနို့ပန်းကန်ပြင်နေသော ကြီးလုံးနားသို့သွားကာ တောင်းဆိုလိုက်သည်။ ခုဆို ကိုမာန့်အကျင့်တစ်ခုသိခဲ့ရသည်။ ကိုမာန်က ညအိပ်ရာဝင်ခါနီးတိုင်းနွာယနို့တစ်ခွက်သောက်လေ့ရှိသည်။ အခုတော့ဒီတာဝန်ကို ကကြိုးက ပုခုံးပြောင်းလွှဲယူတော့မည်ဖြစ်သည်။ ကိုမာန်နှင့် ညတိုင်းစာတူတူ လုပ်ရတော့မည်မို့...

" ဟုတ်ပါပြီတော် စာကောင်းကောင်းကျက်နော် စာမေးပွဲဖြေရတော့မယ်လား ''

" ဟုတ် ''

" အချိန်တွေကလည်း အကုန်မြန်လိုက်တာနော် သားလေးတောင်စာမေးပွဲဖြေရတော့မှာပါလား ''

ကြီးလုံးတွေးတွေးဆဆပြောရင်း ခေါင်းလေးကမ်းလိုက်သည်။ ကကြိုးကတော့ ကြီးလုံးလက်ထဲက နွားနို့ခွက်ကိုယူလျက် အိမ်ပေါ်ထပ်က မိမိခန်းဆီတက်လာခဲ့တော့သည်။

အိပ်ခန်းထဲရောက်သည်နှင့် နွားနို့ခွက်ကိုစားပွဲပေါ်တင်လျက် စာလာသင်မည့် ကိုမာန်ကိုသာစောင့်နေလိုက်သည်။

  ခဏကြာတော့ အိပ်ခန်းထဲကို ကိုမာန်ဝင်လာသည်။ ကကြိုးလည်းအလိုက်တသိပင် နေရာမှထကာ ကိုမာန့်လက်ဖဲက စာအုပ်အချို့ကိုယူလိုက်သည်။ သူ့စိတ်တွေလည်းကြည်နေသည်လေ.. ခုဆို ကိုမာန့်နားမှာ  ကြွေဆိုတဲ့အစ်မကြီးကိုလည်းမတွေ့ရတော့...

"ခုတလော စိတ်တွေကြည်နေတယ်ပေါ့ ကောင်းတယ် အဲ့လိုလေးပဲ​နေ ''

" ဟုတ်ကဲ့ ''

" ဒိနေ့ ကျက်စာတွေအရင်ကျက်ရအောင်ပြီးမှ
ပုဒ်စ္ဆာတွေတွက်မယ် ''

" ဟုတ်ကဲ့ ''

ကကြိုး အရင်းဆုံး bio ကျကသည်ပြီးလျင် physic defination che defination ပြီးပြီဆို မှ အတွက်ပုဒ်စ္ဆာတွေချတွက်ကြည့်သည်။ မှားတာပါလာလျှင်တော့ ကိုမာန်က ခေါင်းကိုခေါက်တတ်သေးသည်။ အဲ့ကျရင်တော့ ကကြိုးက နှုတ်ခမ်းလေးဆူပြီး ဂျီကျတတ်သေးသည်။

လရိပ်ဆင်သည့်ကကြိုးWhere stories live. Discover now