hela and elisa

28.8K 838 15
                                    

ဇာတ်လမ်း ဇာတ်ကောင်များသည် စာရေးသူ နှင့်သာ သက်ဆိုင်ပြီး ကိုယ်ပိုင် ဇာတ်အိမ်ဖြစ်ပါသည်။

play date ဆိုတဲ့ Melanie Martinez ရဲ့ သီချင်းကို အကျယ်ကြီးဖွင့်ထားတဲ့ အခန်းငယ်ထဲက ထိုင်ပြီး ကွန်ပျူတာ ဂိမ်းဆော့နေတဲ့ ၂၂ နှစ်အရွယ် ကောင်မလေး ၊ အခန်းအပြင်အဆင်ကလည်း တစ်ခန်းလုံး ပန်းရောင် စတစ်ကာ တွေ နဲ့ပြည့်နှက်နေတော့တယ်။ ပါးစပ်ကလည်း သီချင်းစာသားကို တိုးတိုးညှင်ညှင်သာသာ လေးဆိုနေပေမဲ့ keyboard ကိုင်နေတဲ့ လက်ကွက်တွေကတော့ မြန်ဆန်တော့တယ်၊ နက်မှောင် နေတဲ့ ဆံပင် အရှည်ကြီးကို အကုန်သိမ်းပြီး ရှမ်းဆံထုံးကဲ့သို့ ထုံးဖွဲ့ထားကာ စားပွဲ ပေါ်တွင်လည်း ရေသန့်ဗူး ခေါက်ဆွဲ ဗူးတွေ နဲ့လည်း ရှုပ်ပွနေတော့သည်။သူမ ရဲ့ တမူထူးတဲ့ ထူးခြားချက်က အပြာနုရောင် မျက်လုံး ကိုပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။

"arr shit ...မရှုံးသင့်ပဲကွာ"

သူမ နာမည်ကတော့ ဟေလ်လာ။မိခင်မရှိဘဲ နေလာတဲ့ ၁၀ နှစ်ကျော်မြင့်လာပြီး ဖခင်ရဲ့ အလိုလိုက်မှုကို အပြည့်ရရှိထားတဲ့ တစ်ဦးတည်းသော သမီးဆိုးလေး လို့ ပတ်ဝန်းကျင်က အမည်နာမ ပေးထားကြတော့သည်။

"ငါ ကွာ တော်တော် ညံ့တာပဲ"

ထိုချိန်ဘေးမှာ ချထားတဲ့ သူမ ရဲ့ ဖုန်းက အသံမြည်လာတော့သည်။

"မိုရှီ မိုရှီ..."

"ဟိတ် ဟေလ်..."

ဖုန်းဆက် သူမှာ သူမ ရဲ့ တစ်ဦးတည်းသော ယောက်ျားလေး သူငယ်ချင်း william။အနွံတာခံ ရှာပြီး ညီမလေး တစ်ယောက်လို စောင့်ရှောက်ပေးသူလည်း ဖြစ်သည်။

"ဟေ့ကောင် ဒီချိန်ကြီး..." ပြောရင်း desktop က နာရီကို ကြည့်လိုက်တော့သည်။

"ဘယ်နှဲ့ အချိန်ကိုကြည့်ဦး လိုက်ကာတွဗ ချထားပြီးနေနေမှတော့ နင် နေထွက်တာ သိမလား၊ ငါ အပြင်ရောက်နေပြီး ထွက်ခဲ့လေ မုန့်သွားစားကြမယ်"

"ဟာ ငါအပြင်မထွက်ချင်ဘူး"

"ဟဲ့ လာစမ်းပါ ၊ငါ ဒီနားမှာ စက်ဘီးကို အကြာကြီး မရပ်ချင်ဘူး မြန်မြန်လာ ဟေလ်လာရေ"

Elisa(Completed )Where stories live. Discover now