Part-12(Zawgyi)

2.5K 108 1
                                    

"မရဘူး ဒီတစ်ခါ ကျွန်မ ဦးဆောင်ပြီး" ဟုဆိုကာ အဝတ်များချွတ်လိုက်ပြီး ဦးဆောင်ကာ ကြယ်တွေ ဆီ သွားတော့သည်။မနက် ခရီးသွားမယ်ဟု တွေးထားသည့် အတွေးကြောင့် မအိပ်ကြဘဲ တစ်ညလုံး ကြယ်တွေ ဆီ သွားနေတော့သည်။အသံတွေ လည်း ပေါင်းစုံထွက်လာပြီး ဟေလ် နဲ့ အယ်လ် ရဲ့အချစ်ညမှာ အပြာရောင်လေး သန်းနေတော့သည်။

"အရမ်း ကောင်းတာပဲ ဟန်နီ" လို့ ပြောရင်း သာပင်။ဟေလ် ရဲ့အခန်း တစ်နေရာမှ မကျန် ကြယ်တွေ ကြည့်နေကြရင်း မနက် မိုးလင်းလာတော့သည်။နှစ်ယောက်သား အဝတ်အစားများ ထည့်ရင်း စနောက်နေကြတော့သည်။

"ဟေလ်လေ အခု အိပ်မက် မက်နေသလိုပဲ သိလား"

"ဘာကိုလဲ အချစ်ကလေး"

"အော်...ဟန်နီ နဲ့တူတူ ခရီးထွက်ရမယ်ဆိုတာ အခုထိအိပ်မက်တစ်ခုလို ထင်နေတုန်းပဲလို့"

ထိုနောက် အယ်လ် တစ်ယောက် ဟေလ် နားကို လျှောက်သွားပြီး ပါးပြင် ပေါ်သို့ အနမ်းလေး ပေးလိုက်တော့သည်။

"ဘာလုပ်တာလဲ" ရုတ်တရက် ဖြစ်သွားတဲ့ ဟေလ် လည်း မေးခွန်း မေးရုံမှအပ။

"အိပ်မက်လား တကယ်လား စမ်းသပ်ခိုင်းတာလေ"

"အာ..အဲဒါ က အဲလို စမ်းသပ်ရတာ မဟုတ်ဘူး ဟန်နီ ရဲ့ " လို့ ပြောရင်း အယ်လ် တစ်နေရာကို အားအနည်းငယ် သုံးကာ ညစ်ချလိုက်တော့သည်။

"အားး..." အယ်လ် လည်း နာလွန်းသွားတာကြောင့် အော်မိသွားတော့သည်။

"နာသွားလား ..အရမ်း" ဟေလ် လည်း စိတ်ပူသွားတော့သည်။

"ဒီနှုတ်ခမ်းလေးလောက်တောင် ဒီလက်တွေ အားမရှိပါလား ဟေလ် ..." လို့ ပြောရင်းနှစ်ယောက်သား ရယ်နေတော့သည်။ထိုနောက် ကားနှင့် သူတို့ လိုရာ ခရီးဆီသို့ ပျော်ပျော်ကြီး ထွက်ခွာလာတော့သည်။တစ်လမ်းလုံးလည်း ကားမောင်းနေတဲ့ အယ်လ် ရဲ့ အလှ ကို ဟေလ် ထိုင်ကြည့်နေမိတော့သည်။

"အရမ်းလှတာပဲ "

"ဟေလ်....ဟန်နီ ရှက်လာပြီကွာ အိပ်ရင်လည်း ခဏဖြစ်ဖြစ် အိပ်နေပါ့လား ကလေးရယ်"

"မအိပ်ပါဘူး ဒီလောက် ဘယ်ပန်းချီမှရေးလို့မမှီတဲ့ ပန်းချီတစ်ချက်ကို ပြနေတဲ့အချိန်မှာ အိပ်စရာလားလို့"

Elisa(Completed )Où les histoires vivent. Découvrez maintenant