part-4(uni)

7.5K 576 17
                                    

"ရပါတယ်..စားနော် များများ" လို့ ပြောရင်း ထွက်သွားတော့သည်။အရင်နှင့်မတူ ဟယ်လ် လည်း မုန့်ထုပ်များကို ကုတင်ပေါ်တင်ပြီး ဂိမ်းပြန်ဆော့ရန် ထိုင်နေလိုက်တော့သည်။ထိုင်နေပေမဲ့ စိတ်များက မုန့်ထုပ်ဆီကိုသာရောက်နေတာကြောင့် ပြန်လှည့်ယူကာ အထဲကို ကြည့်လိုက်မိသည်။ မုန့်များစွာနှင့် အတူ စားပွဲတင် အရုပ်သေးသေးလေးတစ်ခု ပါလာတာကို သတိထားမိသွားသည်။အရုပ်ကလေးအပေါ် ဟေလ် သံယောဇဉ် တွယ်ကာ သူမရဲ့ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ဂိမ်းသာ ဆက်ဆော့နေတော့သည်။

နောက်တစ်နေ့ မနက် ထုံးစံအတိုင်း သူမ ရဲ့ နိုးနေကျ အချိန် သာ နိုးပေမဲ့ မနက်စာ အဆင့်သင့်ဖြစ်နေတဲ့ မနက်စာ ကို ကြည့်ရင်း နွေးထွေးမှုကြောင့် ပြုံးနေမိတော့သည်။တစ်နေ့တမျိုးမရိုးရတဲ့ မနက်စာ လေးက ဟေလ် ရဲ့ စိတ်ကို နွေးထွေးမှု ဖြစ်နေစေသည်။မနက်စာ စားနေရင်း ဖုန်းကြည့်တတ်တဲ့ ခေတ်လူငယ်လည်း ဖြစ်တာကြောင့်ဖုန်းလေးကို ကြည့်ရင်း အစာစားနေတော့သည်။ထိုချိန် တံခါးဖွင့်ပြီး အယ်လ် တစ်ယောက် ဝင်လာတာကြောင့် ပလုတ်ပလောင်းဖြစ်နေတဲ့ ဟေလ်လည်း ကြောင်သွားတော့သည်။

"ဟယ်..ဟေလ် အခုမှ မနက်စာ စားတာလား"

အယ်လ် လက်ထဲမှာလည်း ဆေးတွေ ပါလာတာကို ဟေလ် သတိထားမိလိုက်တော့သည်။အယ်လ်လည်း မီးဖိုခန်းထဲ ဝင်လာပြီး ရေသောက်ကာ ဟေလ် ကို စကားစတော့သည်။

"တော်သေးတာပေါ့ ဟေလ် အန်တီပြင်တဲ့ မနက်စာ ကို စားလို့ ၊ အန်တီက ဟင်းချက် သိပ်မတော်ဘူးရယ်ဒါကြောင့် အန်တီ ချက်ရင် သူငယ်ချင်း အပေါင်းအသင်းတွေက မစားကြဘူး...အန်တီ ချက်တာကို စားတာ အခုလို မြင်ဖူးတာပထမဆုံးပဲ"

ဟေလ် လည်း အယ်လ်ကို ခေါင်းညိမ့်ပြရုံမျှသာ လုပ်နေပေမဲ့ အယ်လ် လက်ထဲက ဆေးတွေဆီကို မျက်လုံးရောက်နေတော့သည်။ထိုကြောင့်လည်း ပထမဆုံးအနေနှင့် စကားစပြောလိုက်တော့သည်။

"နေမကောင်းဘူးလား"

"အာ ဒါကြောင့်လား" ဟု ပြောရင်း အယ်လ်လည်း သူမ လက်ထဲက ဆေးတွေကို မြှောက်ပြလိုက်တော့သည်။

Elisa(Completed )Where stories live. Discover now