Part-19(zawgyi)

1.9K 82 3
                                    

ထိုနောက် ဖခင်ဖြစ်သူနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေ အားပြောပြနေတော့သည်။

"နင်ကို အန်ကယ်လ် က ပါးရိုက်တယ် ဟုတ်လားး"

"အင်းးး"

"နင် အဆင်ပြေရဲ့လား"

"ငါမပြေနေဘူး ငါလုံးဝမပြေနေဘူး"

"ဟူး ငါလည်း ဘာတွေ ဘယ်လို လုပ်ပေးရမလဲ မသိဘူး၊အန်တီက လာမဲ့ စနေ uk ကို သွားတော့မှာ"

"ဟမ်..."

"အေးဆို ဘာတွေမှန်းမသိဘူး၊ရုံးမှာလည်း တစ်မနက်လုံး အခြေအနေမကောင်းဘူး ကံကောင်းလို့အပြင်သွားရမဲ့ကိစ္စ ငါယူထားလို့"

"ငါ ဘယ်လိုလုပ်ရမလဲ၊ငါ ဒယ်ဒီ ဆီလည်း မပြန်ချင်ဘူး"

"နင် ဘယ်လိုဆက်လုပ်မှာလဲ ဒါဆို"

"ငါကို သူနဲ့တွေ့လို့ရအောင် စီစဉ် ပေးပါ"

"နင် စောန က ကြားလိုက်တယ်မလား"

"သူ မသွားခင် ငါ သူနဲ့တွေ့မှ ရမယ် သူငယ်ချင်း"

"ငါလုပ်ပေးချင်ပေမဲ့ ....."

"ကူညီပါ ငါဘဝ အတွက် တကယ် အရေးပါတဲ့ သူမို့ ငါ မဆုံးရှုံးချင်ဘူး ..." ဟုပြောကာ သနားခံနေတော့သည်။

"ခက်တာပဲ ဟေလ်ရယ် ..."

"နင်ကူညီပေးနိုင်ပါတယ်ဟာ"

"ငါမလုပ်ပေးနိုင်ဘူး ဟေလ်.."

"ဘာလို့လဲ နင် ငါကို ပျော်နေတာမမြင်ချင်ဘူးလား"

"နင် ပျော်တာကို ငါမြင်ချင်ပါတယ်..."

"နင် မလုပ်ပေးဘူးမလား ရတယ် ငါ ဘာသာ ငါ လုပ်မယ်"

"နင် က ဘာလုပ်မှာလဲ"

"သူ ညနေ ရုံးဆင်းတဲ့အထိ ငါ ထိုင်စောင့်မယ် ဒီနားမှာ.."

"ဟေလ်...နင် မရူးစမ်းနဲ့"

"ငါချစ်တဲ့ သူကို ငါနောက်ဆုံးချိန်ထိ ကြိုးစားချင်တယ်"

"ဒါဆို နင်ကို ချစ်တဲ့ ငါကကော်"

"နင်ကတော့...." လို့ ပြောရင်း ရပ်သွားကာ william ကို တအံ့တသြနှင့် ကြည့်နေတော့သည်။ထိုကြောင့် william လည်း စကားကို မရပ်ပဲ​အဆုံးထိ ပြောတော့သည်။

Elisa(Completed )Where stories live. Discover now