Part-2(Zawgyi)

4.6K 162 1
                                    

"သမီး..မနေ့က လာတဲ့ အန်တီကို သဘောကျရဲ့လား"

"ဒယ်ဒီက ဘာလို့မေးတာလဲ"

"ဒယ်ဒီ အဲအန်တီကို သဘောကျတယ်"

ဖခင်ဖြစ်သူ ပြောလိုက်တဲ့ စကားကြောင့် ဟေလာ စိတ်ပျက်သွားတော့သည်။

"ဘာလို့လဲ ချောလို့လား"

ထိုမေးခွန်းကို အေးစက်စွာ ဖခင်ဖြစ်သူကိုမေးတော့သည်။

"ချောတာ မချောတာထက် elisa က ..."

"မပြောနဲ့တော့ ဒယ်ဒီ..၊မာမီ အငွေ့အသက်တွေ ရှိခဲ့တဲ့ ဒီအိမ် ဒီအခန်းထဲ မှာ မာမီနေရာကို ဒယ်ဒီ အစားထိုးမလို့လား၊ပြီးတော့ သူက ဒယ်ဒီဆီက ချူစီ လုပ်မလို့ဆိုရင်ကော"

"သမီး နားလည်အောင် သေချာ ဒယ်ဒီ ရှင်းပြချင်ပါတယ်elisa က ဒယ်ဒီ ထက်တောင် ပိုပြီး ချမ်းသာပါသေးတယ် ပြီး ဒယ်ဒီ ရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကို သူနဲ့ ကုန်ဆုံးချင်တယ်"

"ဒယ်ဒီလုပ်ချင်တာ ဒယ်ဒီလုပ်မယ်လို့တွေးထားတယ်မလား ချ လုပ်၊တစ်ခုပဲ သမီးနဲ့တော့ ပတ်ပတ်သက်သက် တော့ လာမလုပ်စေနဲ့ မာမီ လို့လည်း သူကို မခေါ်နိုင်သလို မိခင်နေရာလည်း အစားထိုးမှာ မဟုတ်ဘူး" လို့ ပြောကာ သူမ အခန်းထဲကို ဝင်သွားတော့သည်။ဖခင်ဖြစ်သူ andrew လည်း သက်ပြင်းလေးချကာ ကျန်ခဲ့တော့တယ်။

သူမ အခန်းထဲရှိ gaming chair တွင်ထိုင်လိုက်ပြီး တောက် ခေါက်ကာ သူမ ဒေါသကို ဖြေနေတော့သည်။

"တောက်...ငါ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ သိတယ်" လို့ပြောရင်း အလှပြင် ပစ္စည်းအနည်းငယ်သာ ရှိနေတဲ့ သူမ ရဲ့ မှန်တင်ခုံပေါ်က elisa ပေးထားတဲ့ နှုတ်ခမ်းနီတောင့်ကို ယူကာ ဖွင့်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့သည်။

နှစ်ရက်ခန့် ကြာသောအခါ

နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်တွင် andrew နှင့် elisa တို့နေ့လည်စာ စားရင်း စကားပြောနေကြတော့သည်။

"ကို ပြောပြလိုက်တယ် သမီးကို"

elisa ရဲ့ ဇွန်းနဲ့ ခရင်းကိုင်ထားတဲ့ လက်တွေ ဘေးကိုချလိုက်ကာ စိုးရိမ်တကြီးနှင့် မေးတော့သည်။

Elisa(Completed )Where stories live. Discover now