Part-7(zawgyi)

3.3K 154 7
                                    

ထိုအချိန် ဖုန်းထဲကို အယ်လ် ဖုန်းနပတ်နဲ့ စာတစ်စောင် ဝင်လာတော့သည်။

"ကောင်းကောင်းအနားယူနော်" စာအနောက်တွင်လည်း အသည်းပုံလေးပါနေတာကြောင့်ဟေလ် မှ ဖုန်းကို ပစ်ချကာ ထအော်တော့သည်။

"အား....ဘာကြီးလဲ ဘာကြီးလဲ...ဘာကြီးလဲ"

ဘေးအခန်းကထိတောင် အသံကြားတဲ့အတွက် အယ်လ်လည်း ရယ်နေတော့သည်။

"ဒီကလေး တကယ် ချစ်ဖို့ကောင်း"ဟု ပြောရင်း သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

"အစ်ကိုရယ် တောင်းပန်ပါတယ်"

အခန်းနံရံတွင် ချိတ်ထားတဲ့ andrew ပုံကို ကြည့်ရင်း စိတ်ထဲမှ ပြောလိုက်တော့သည်။နောက်တစ်နေ့ မနက် စောစောနိုးနေတဲ့ ဟေလ် လည်း အပြင်ဆိုင်မှ မုန့်များဝယ်ရင်း မနက်စာ ပြင်နေမိတော့သည်။ဘာကြောင့်ရယ်မှန်းမသိ သူမ စိတ်ထဲ မနက်စာ ပြင်နေရတာ ကို ပီတိ ဖြစ်နေမိသည်။မနက်စာ ပြင်နေရင်း တစ်ခဏကြာတော့ အယ်လ်ဆင်းလာတော့သည်။

"ဟေလ် နိုးနေတာလား"

မနက်စာပြင်နေတဲ့ ဟေလ် ကို မေးနေပေမဲ့ မနေ့ညက စာကြောင့် ရှက်စိတ်ဝင်နေသေးတဲ့ ဟေလ် တစ်ယောက်ကတော့ စကားစပျောက်နေတော့သည်။

"ဟာ..မုန့်ဟင်းခါးလေးပဲ အိုး..မွှေးလို့ ဘယ်တုန်းက သွားဝယ်လိုက်တာလဲ အစောကြီးရှိသေးတယ်"

"အင်း..ဒီနားက ဆိုင်က ခြေထောက်သက်သာရဲ့လား"

"သက်သာပါတယ် ဒီလောက်ကတော့ အေးဆေးပါ၊ကလေးက လူကြီးကို စိတ်ပူတာ ဒီတစ်ခါပဲ ကြားဖူးသေး"

အယ်လ် ခေါ်လိုက်တဲ့ "ကလေး"ဆိုတဲ့စကားက ဟေလ် ရင်ကို ပိုမိုထိစေတော့သည်။

"စားပါဦး၊ပိုဝယ်ထားတယ် တစ်ယောက်စာ"

"အမလေး မဝယ်ထားလည်း ဟေလ် ဆီက လုစားမှာ ဟားဟားဟား"

အယ်လ်ပြောတဲ့ ပုံစံကြောင့် ဟေလ် လည်း ပြုံးလိုက်တော့သည်။

"ဝိုး...ကောင်းလိုက်တာ ၊အန်တီ လုံးဝ မြန်မာ အစားအစာ မချက်တတ်ဘူး မချက်တတ်တဲ့အပြင် အခြားဟာ လုပ်လည်း မကောင်းဘူး"

"လက်ရာကောင်းပါတယ်"

အယ်လ် ကို ပထမဆုံး ဟင်းချက်လက်ရာ ချီးကျူးဖူးသူ မှာ ဟေလ် ဖြစ်သွားတာကြောင့် ဟေလ် ကို ပြုံးပြုံးလေးကြည့်နေမိတော့သည်။

Elisa(Completed )Tahanan ng mga kuwento. Tumuklas ngayon