Part-21(Zawgyi) The End

3.2K 118 4
                                    

ဟေလ် လည်း လေးလံလှတဲ့ ခြေလှမ်းတွေနှင့်အတူ တတိယ အလွှာတို့ ဦးတည်လာတော့သည်။ရင်တွေ လည်းထိန်းသိမ်းမရအောင် ခုန်နေတာကြောင့် ရင်ဘက်လေးတစ်ဖိဖိနဲ့ လုပ်နေပြီး နှုတ်ခမ်းသားများလည်း ခြောက်ကပ်လာတော့သည်။ဓာတ်လှေကားလည်း တတိယ ထပ်သို့ ရောက်သည့် အခါ ပွင့်သွားလာသည်။သက်ပြင်းတစ်ချက် ချကာ အားမွေး ပြီး ထိုအခန်းရှိရာသို့ ဦးတည်မည့်အချိန် ဓာတ်လှေကား အနီးတွင် ကျောက်ရုပ်သကဲ့သို့ဖြစ်ရင်း ဟေလ်ကို မျက်ရည်စများနှင့်ကြည့်နေသူမှာ အယ်လ် ပင်ဖြစ်သည်။၁၂ နှစ် ကြာမြင့်ပြီး မှ​ ပထမဆုံး ပြန်တွေ့ရသည့်အတွက် နှစ်ယောက်စလုံး မျက်ရည်စများနှင့်အတူ ဖြစ်နေပြီ ချစ်ခဲ့ကြသည့် အတိတ်တွေကလည်း နှစ်ယောက်ကြားတွင် ပြေးလွှားနေကြတော့သည်။အယ်လ် လည်း အသက်အားဖြင့် ၅၈ နှစ်ရှိနေပြီ ထိုအရွယ်တွင် ရှိသင့်သည့် အလှတရားတွေနှင့်အတူ ကျက်သရေရှိမှုတွေကပါ အယ်လ် ကို ပံ့ပိုးနေတော့သည်။ဟေလ်မှာပင် ထို့နေ့က suit အပြာရောင်လေးကို ဝတ်ဆင်ထားတော့သည်။ထိုအချိန် အခန်းထဲက အယ်လ် ရဲ့ သားဖြစ်သူ ထွက်လာတော့သည်။

"မာမီ...."

သားဖြစ်သူ လည်း မိခင်ဖြစ်သူမျက်လုံးတွင် မျက်ရည်စများ မြင်လိုက်ရသည့်အတွက် စိတ်ပူသွားတော့သည်။

"မာမီ...ဘာဖြစ်တာလဲ"

ထိုအချိန် ဟေလ် လည်း အယ်လ် နားကို လျှောက်လာတော့သည်။အယ်လ် လမ်းလျှောက်လာတဲ့ ဟေလ် ကို ကြည့်ရင်း စကားများ ဆွံ့အ နေတော့သည်။

"ဟန်...elisa" လို့ ဟေလ် လည်း ခေါ်လိုက်တော့သည်။

"သား ...မာမီ ပြန်ဝင်ခဲ့မယ်၊အခန်းထဲ ဝင်နေ " လို့ ပြောကာသားဖြစ်သူ ကို အခန်းထဲပြန်ထည့်လိုက်တော့သည်။သားဖြစ်သူ အခန်းထဲ ဝင်သွားသည်ကို မြင်ပြီးမှ ဟေလ် ကို စကားစပြောတော့သည်။

"ဟေလ်လာ...အရမ်းစတိုင်ကျနေပြီး တကယ်ကို အောင်မြင်နေတဲ့ အမျိုးသမီးလေးတစ်ယောက်ကို ကြည့်နေရသလိုပဲ ၊ ဟေလ် အတွက် ဂုဏ်ယူပါတယ်"

"ရင်မှာတော့ ဒဏ်ရာတွေနဲ့ပေါ့" လို့ ဟေလ် လည်း ပြောတော့သည်။ထိုစကားကြောင့် အယ်လ် လည်း မျက်နှာလွဲသွားတော့သည်။အယ်လ်လည်း မျက်ရည်များကို ထိန်းနေတော့သည်။

Elisa(Completed )Onde histórias criam vida. Descubra agora