💘Do Kyungsoo💘

2K 129 29
                                    

"Appaရဲ့အမျိုးတွေကမကောင်းပါဘူးဗျာ
Ommaကိုဆိုနှိမ်ချင်ကြတာ သားကိုရော
ပဲဘယ်သူမှမကြည်ကြဘူး"

"Ommaသားလေးက သူတို့အမျိုးတွေထဲ
အချောဆုံးမို့မကြည့်ကြတာပါ သူတို့ကိုဂရု
စိုက်မနေနဲ့ ကိုယ့်ဘဝကိုသာတိုးတက်
အောင်ကြိုးစား"

ခေါင်းသာညိမ့်ပြလိုက်သည်

နေထိုင်ရာ Goyang မြို့ကနေ Seoul
ကိုသွားရာလမ်းမှာတော့ Kyungsoo
တစ်ယောက် Appaဖက်ကဆွေမျိုးတွေ
အကြောင်းမကျေမနပ်နဲ့ပြောနေမိသည်

Seoulနဲ့Goyang က10မိုင်ကျော်ကျော်
သာဝေးပြီး 17မိနစ်လောက်အချိန်ပေးရုံ
နဲ့ရောက်ပေမယ့်အိမ်ထဲကအိမ်ပြင်မထွက်
တဲ့Ommaက seoulကိုရောက်တာရှားသည်

Appaကတော့ သူshareဝင်ထားရာကုမ္ပဏီကယခုလိုအစည်းအဝေးခေါ်တဲ့အခါ
တွေဆိုသွားရသည်မို့ မကြာခဏတော့
ရောက်ဖြစ်သည်

Kyunsooအတွက်တော့Seoulကအကျွမ်းတဝင်ရှိသည့်နေရာပင် အဘယ်ကြောင့်
ဆိုသော် သူသည်ကိုရီးယား၏ နာမည်ကြီး
တက္ကသိုလ်တွေထဲကတစ်ခုဖြစ်သည့်
SNU (Seoul National University)
ရဲ့တတိယနှစ် စီးပွားရေးမေဂျာကျောင်း
သားတစ်ယောက်ဖြစ်နေသောကြောင့်ပင်

အဆောင်နေလို့ရပေမယ့်17မိနစ်လောက်
သာခရီးချိန်ရှိတာမို့ အိမ်ကနေသာကျောင်း
တတ်ဖြစ်တဲ့သူ့အဖို့ပတ်ဝန်းကျင်အလှအပ
တွေကလည်းမြင်နေကျမို့မဆန်းတော့ပေ
ထို့ကြောင့်Ommaအားအမျိုးအဆွေကောင်း တွေရဲ့အကြောင်းကိုသာဖောက်သည်
ချနေမိသည်
Appaကတော့အမှန်တွေချည်းပြောနေတာကြောင့်ကားမောင်းရင်းပြုံး၍သာနား
ထောင်နေသည်

သို့သော်ရုတ်တရက်မိမိတို့ကားရှေ့ကို
တစ်ဖက်လမ်းကနေဘရိတ်ပေါက်ကာ
ရောက်လာတဲ့ကားကြောင့် မျက်လုံးကို
စုံမှိတ်ကာ လက်ကိုတင်းတင်းဆုပ်ထား
မိလိုက်သည်

ထို့နောက်အသံအကျယ်ကြီးတစ်ခုကနား
ထဲကိုအရှိန်ပြင်းစွာတိုးဝင်လာပြီး အသိ
စိတ်လွတ်ကာအမှောင်ကမ္ဘာဆီသို့...

.
.
.

ပိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ချင်ပေမယ့်
လေးလံနေတဲ့မျက်ခွံတွေကြောင့်တော်ရုံနဲ့
ဖွင့်လို့မရ မနည်းအားတင်းကာဖွင့်ကာမှ
ခပ်ဝါးဝါးနဲ့ မျက်နှာကျက်ဖြူဖြူကိုမြင်ရသည်
ဖြစ်ပျက်ခဲ့သမျှအလုံးစုံကိုပြန်စဉ်းစားမိ
တော့မိမိတို့သားအဖသုံးယောက်
Seoulကိုလာရာလမ်းမှာ accidentဖြစ်ခဲ့
တာပင် ဒါဆို Appaတို့ရော...

First and LastWhere stories live. Discover now