Grow up well

498 70 36
                                    

"သားငယ်...ဂျူတီပြီးရင်စောစောပြန်လာခဲ့
နော် ကလေးအဖေသေးသေးလေးကိုဆေးသွားစစ်ပေးရဦးမှာ"

ဧည့်ခန်းထဲကနေအကို့ဆီဖုန်းဆက်ကာ
သတိပေးနေတဲ့မေမေ့စကားကြောင့်
သူပြုံးလိုက်မိသည်
"ကလေးအဖေသေးသေးလေး"တဲ့..အကို
ချစ်စနိုးခေါ်တဲ့နာမည်လေး..အိမ်မှာခဏ
ခဏခေါ်လွန်းလို့မေမေတို့ကပါဝိုင်းစနေ
ကြပြီ

7လထဲရောက်နေဖြစ်လို့တော်တော်လေး
သိသာနေတဲ့ဗိုက်လေးကိုထိန်းကိုင်ရင်းခြံ
ထဲဆင်းလမ်းလျှောက်နေလိုက်သည်
ဖုန်းပြောလို့ပြီးသွားတဲ့မေမေကလည်းသူ့
ဆီလျှောက်လာကာ

"Kyungsooလေး..နေရထိုင်ရတာသက်
သာတယ်မလား"

"ဟုတ်ကဲ့မေမေ သားအဆင်ပြေပါတယ်"

မေမေနဲ့သူ့ရဲ့ဆက်ဆံရေးဟာသားမက်နဲ့
ယောက္ခမဆိုတာထက် သားနဲ့အမေလို
ဆက်ဆံရေးမျိုးပင် အခုလည်းသူ့လက်ကို
ခပ်ဖွဖွလေးဆုပ်ကိုင်ပြီးနှိပ်ပေးနေသေး
သည်

"သားလေးကိုဘာနာမည်ပေးဖို့စဉ်း
စားထားလဲ သားKyungsoo"

Ultrasoundရိုက်ထားတဲ့အဖြေကသား
လေးမို့မြေးဦးချီချင်နေတဲ့မေမေဟာ သား
လေးကိုနာမည်ပေးဖို့အတွက်တိုင်ပင်လေ
ပြီ

"မေမေသဘောကျတဲ့နာမည်ရှိနေပြီလား"

"မေမေအနေနဲ့ကတော့သားတို့နာမည်
လေးတွေပေါင်းပြီးပေးချင်နေတာ နာမည်
အရင်းမဟုတ်တောင်အိမ်နာမည်လေးဖြစ်
ဖြစ်ပေါ့"

"သားလည်းမေမေလိုစဉ်းစားမိပါတယ်...
အကို့ကိုလည်းမေးကြည့်လိုက်ဦးမယ်လေ
မေမေ့သားကသိတဲ့အတိုင်းအကုန်သူစီစဉ်ပေးချင်နေတာ"

သူပြောတာအမှန်မို့မေမေကပြုံးပြီးသာနား
ထောင်နေသည် အကိုဟာသူ့သားငယ်နဲ့
ပတ်သက်ရင်အကုန်သူ့စိတ်တိုင်းကျစီစဉ်
ချင်တာ ကိုယ်ဝန်တောင်သူကိုယ်တိုင်မ
ဆောင်ချင်တာတော်သေးသည်

"ဒီကောင်လေးလည်းကလေးရမှအရင်
ကထက်ပစိပစပ်တွေသိပ်များနေတာ တစ်
ခါတလေဆိုအမြင်ပါကပ်တယ်"

သားအကြောင်းကိုသားမက်ဆီရင်ဖွင့်နေ
တဲ့မေမေပင်

"မေမေ့တုန်းကရော...မမတို့အကိုတို့ကို
ကိုယ်ဝန်ရှိတော့ဖေဖေကဘယ်လိုနေလဲ"

First and LastWhere stories live. Discover now