Luck for us

527 76 42
                                    

"နေရထိုင်ရတာ အဆင်ပြေရဲ့လားချစ်
သည်း"

အတုံးတုံးလေးတွေလှီးထားတဲ့မက်မွန်
သီးပန်းကန်ကိုရှေ့ကစားပွဲပေါ်ချပေးရင်း
မေးလာတဲ့အကို...

"ဟုတ် ဘာမှမဖြစ်ပါဘူးအကိုရဲ့"

အမေရိကန်မှာတစ်လနီးပါးသောင်တင်
နေပြီးသကာလ ဗိုက်ထဲမှာကလေးလေး
အတွက်နေရာအသင့်ရှိနေပြီဖြစ်သည်

အကိုလည်းဆေးရုံကနေတစ်လလောက်
ခွင့်ယူခဲ့ရသည်မို့သားအိမ်အခြေကျရင်
ကိုရီးယားပြန်ရပြီ...ယောကျာ်းဖြစ်သူက
ဆရာဝန်ပဲကိုလိုင်းမတူတောင် အနည်း
ဆုံးတော့သေချာဂရုစိုက်ပေးနိုင်တာပေါ့

"သဘက်ခါလောက်ကျပြန်လို့ရပါပြီ ဟိုမှာ
ဝယ်လို့မရတဲ့ဆေးတွေကိုလည်းကိုယ်လေယာဉ်နဲ့ပို့လိုက်ပြီ ချစ်သည်းသာကိုယ့်
ဟာကိုယ့်ဂရုစိုက် မွ"

စကားပြောရင်းပါးပြင်ကိုလာနမ်းပြန်သည်

"အကို...သားလေးလိုချင်တာလား သမီး
လေးလိုချင်တာလား"

"Kyungsooလေးနဲ့တူတာလိုချင်တာ"

အကို့အဖြေကြောင့်သူ့မှာရှက်ရမှာလား
ရယ်ရမှာလားတောင်မခွဲတတ်တော့ပေ

"ကျွန်တော်ကလည်းအကိုနဲ့တူတာလေး
မွေးပေးချင်တာ"

"ဒါဆိုအမွှာပူးလေးမွေးလိုက်ပေါ့ ကိုယ်နဲ့
တူတဲ့သားလေးရယ် ချစ်သည်းနဲ့တူတဲ့သ
မီးလေးရယ်"

"လိုချင်တာသာရရင်ကောင်းတာပေါ့အကို
ရ...ကိုယ်ဝန်ဆောင်တယ်ဆိုတာကံစမ်း
မဲနှိုက်ရသလိုပဲလေ"

"အင်းလေ ဒါဆိုလည်းဘာလေးရရအရေး
ကြီးတာကလေးလေးရဖို့ပဲ ဟုတ်တယ်မ
လား"

"အင်း"

အကို့ကိုခေါင်းငြိမ့်ထောက်ခံပြီးမက်မွန်သီး
စားနေတုန်းလည်ပင်းပေါ်ရောက်လာတဲ့
အနမ်းကြောင့် ခုနကအကိုဘာဆိုလိုသ
လဲဆိုတာသဘောပေါက်တော့သည်

အကို့ကိုလှည့်ကြည့်လိုက်တော့ပြုံးစိစိနဲ့...

"ကိုယ်က စတာပါကွာ... ကိုရီးယားပြန်
ရောက်မှကြိုးစားကြတာပေါ့"

"အကို!!! အရှက်မရှိလိုက်တာ"

"ဟောဗျာ...ကိုယ်ကဘာတွေပြောနေလို့
လဲချစ်သည်းရ"

First and LastWhere stories live. Discover now