Family life

627 81 147
                                    

M preg မကြိုက်ပါကဆက်မဖတ်သင့်ပါ..
ဤအပိုင်းမှစ၍ Married life နဲ့ Man
Pregnant တွေစတင်တော့မှာပါ...

.
.
.

အိမ်ထောင်သက်တစ်နှစ်ကျော်အကြာ...

"အကိုရေ ထတော့ဗျာ ခုနှစ်နာရီထိုးနေပြီ"

"အစောကြီးရှိသေးတယ်လေ ချစ်သည်းရဲ့"

"အာ...နောက်ကျနေရင်ဘယ်လိုလုပ်မလဲ"

ဒီကလေးကတော့တအားကိုတတ်ကြွနေ
တော့တာပဲ

အိမ်ထောင်တစ်ခုပိုခိုင်မြဲအောင်နှောင်ကြိုး
လေးတွေတိုးသင့်တယ် ဆိုတဲ့မေမေ့ရဲ့
စကားကြောင့်Kyungsooက ကလေးယူ
ဖို့ရာပူဆာတော့သည်

မွေးစားတာမျိုးတောင်မဟုတ်ဘဲကိုယ်တိုင်
ကိုယ်ကျ ဝမ်းနဲ့လွယ်မွေးချင်ပါတယ်တဲ့
အကို့သွေးသားကိုသူကိုယ်တိုင်မွေးပေးချင်တာမို့လက်ခံပေးပါတဲ့...

ကဲ ဒီကောင်လေးသိပ်မြတ်နိုးဖို့ကောင်းပါ
တယ်ဆို...

"ဘယ်လိုလုပ်နောက်ကျမှာလဲချစ်သည်းရဲ့
ဒေါက်တာZhang ကခုချိန်ဆိုအိပ်ယာက
နေထဦးမှာတောင်မဟုတ်ဘူး"

ကိုရီးယားမှာဆွေးနွေးပွဲတစ်ခုလာတက်
တဲ့ဒေါက်တာZhang အားအကူအညီတောင်းပြီး အမေရိကန်မှာကိုယ်ဝန်ဆောင်
ဖို့ရာစီစဉ်ထားသည် Kyungsooကကိုယ်
ဝန်ဆောင်ဖို့ရာသိပ်စိတ်ပျင်းပြနေမှတော့
ကိုယ့်ဘက်ကလည်းအန္တရာယ်အနည်းဆုံး
နဲ့စိတ်အချရဆုံးဆေးပညာတိုးတက်မှုတွေ
နဲ့ အားပေးရတော့မှာပေါ့

"ဟုတ်...."

မသိမသာနှုတ်ခမ်းလေးစူကာအခန်းထဲ
ကထွက်ဟန်ပြင်တာမို့လက်လေးကိုလှမ်း
ဆွဲလိုက်ပြီး

"ကဲ စိတ်မကောင်းတော့မဖြစ်ပါနဲ့ကွာ...
ကိုယ်အခုထပြီးရေချိုးလိုက်တော့မယ်နော်"

"ဟီး...ဟုတ်အကို"

ဖြစ်စေချင်တာဖြစ်သွားတော့ချစ်ဖို့ကောင်း
အောင်ကိုပြုံးပြသည်

"မွ...Morning kiss"

နှုတ်ခမ်းထူထူလေးကိုတစ်ချက်ဖိကပ်နမ်း
ပြီးရေချိုးခန်းထဲဝင်ခဲ့လိုက်သည် ဒီလောက်
တော့အသားယူသင့်တယ်မလား

First and LastWhere stories live. Discover now