"သည်းငယ်...ထတော့ လိမ္မာတယ်ထ ထ"
လက်မောင်းကိုခပ်ဖွဖွရိုက်ပြီးနှိုးတော့အင်း
အဲနဲ့ထလာသည် အေးလေ သူလေးလည်း
ပင်ပန်းနေမှာပေါ့"မျက်နှာသွားသစ်ချည် ကိုယ်တို့်သွားစရာ
ရှိတယ်""ဟမ် ဘယ်သွားရမှာလဲ ညစာစားပွဲလား"
"မဟုတ်ပါဘူး ဟိုရောက်ရင်သိလိမ့်မယ်
ခုတော့မျက်နှာသွားသစ်တော့""ဟုတ်"
မင်္ဂလာပွဲပြီးတော့အိမ်ပြန်ရောက်ရောက်
ချင်းရေချိုး၍အခန်းထဲဝင်အိပ်နေတာ
ညနေလေးနာရီထိုးတဲ့အထိနိုးမလာလို့
ဝင်နှိုးရတဲ့အထိပင် ကိုယ်လည်းပင်ပန်းပြီး
အိပ်ချင်နေပေမယ့်လုပ်စရာတွေကျန်သေး
တာကြောင့်ရေချိုးပြီးယူသင့်တာတွေယူ
ဝယ်ရမယ့်ဟာတွေစာရင်းမှတ်နဲ့အလုပ်
ရှုပ်နေတာအခုမှပြီးသည်အခုလည်းအသည်းငယ်မျက်နှာသစ်နေ
တုန်းသင့်တော်မယ်ထင်တဲ့အင်္ကျီတစ်စုံ
ထုတ်ပေးပြီးဘီရိုထဲရှိသမျှအထည်တွေ
အကုန်အိတ်ထဲပြောင်းထည့်ရပြန်သည်
ဒီကလေးအင်္ကျီများများစားစားလဲမရှိဘူး
နောက်နေ့ကျဝယ်ပေးရဦးမယ်ဒေါက် ဒေါက်...
ရေချိုးခန်းတံခါးကိုခေါက်ကာ
"ကလေးငယ်ရေ...ထုတ်ပေးထားတဲ့အင်္ကျီ
ဝတ်ပြီးအောက်ဆင်းခဲ့တော့နော် ကိုယ်
အောက်မှာစောင့်နေမယ်""ဟုတ်..."
ပြန်ဖြေသံကြားရတော့မှအဝတ်အိတ်ဆွဲ
ကာအောက်ထပ်ဆင်းခဲ့လိုက်သည်"သားငယ် အကုန်စုံပြီလား မစုံလည်းဘာ
မှမဖြစ်ပါဘူးလာယူလို့ရနေတာကို ဟိုမှာ
သာကောင်းကောင်းမွန်မွန်နေကြနော်""ဟုတ်ကဲ့ပါမေမေရဲ့"
"ခဏခဏလာလည်နော် Kyungsoo
လေးပါခေါ်ခဲ့ မေမေကအမြဲမျှော်နေမှာ"အိမ်ခွဲနေရခြင်းကိုမေမေကဝမ်းနည်းနေ
ဟန်"နေ့တိုင်းနီးပါးလာမှာမို့လို့ဘာမှဝမ်းနည်း
မနေပါနဲ့မေမေရယ်"သားမိနှစ်ယောက်ရဲ့အလွမ်းခန်းကိုဖေဖေ
ကပြုံးပြုံးကြီးကြည့်နေကာ
YOU ARE READING
First and Last
Fanfictionမင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 မင်းကကိုယ့်ရဲ့နောက်ဆုံးအချစ်ဦး💘 CHANSOO Fanfiction ZG+Uni 12.6.2021-27.11.2021