Final

829 79 92
                                    

"အကို သားသားကိုသွားကြိုပေးလို့အဆင်
ပြေနိုင်လား ကျွန်တော့်ကားကဘီးပေါက်
သွားတယ် Baekhyunကလည်းဒီနေ့မ
လာတော့သားသားကိုသွားကြိုဖို့နောက်
ကျနေမှာ အကိုအဆင်မပြေရင်ဖုန်းဆက်
လိုက်နော် ကျွန်တော်ဘတ်စ်ကားနဲ့သွား
ကြိုမလို့"

အသည်းအသက်လေးဆီကပို့ထားတဲ့
အသံမက်ဆေ့လေးကိုနားထောင်ပြီးပြုံး
လိုက်မိသည်

"ဘာလဲ Kyungsooကဘာတွေများပြော
ထားလို့ပြုံးနေတာလဲ"

မျက်စောင်းထိုးခုံမှာလူနာမှတ်တမ်းစစ်နေ
တဲ့Doyoungကပြုံးမိသွားတာကိုမြင်၍
လှမ်းစသည်

"ဒါတွေကအိမ်ထောင်သည်အချင်းချင်းပဲ
နားလည်တဲ့ကိစ္စတွေပါကွာ မင်းလိုရည်းစားမရှိတဲ့ကောင်တွေကိုဘယ်လိုပြောပြောနားလည်မှာမဟုတ်ဘူး အဟက်"

"အမလေးဗျာ ရည်းစားလေးတစ်ယောက်
ထား ထားတဲ့တစ်ယောက်နဲ့ပဲယူတဲ့သူက
များကျွန်တော့်ကိုလာဘလိမ်းနေတယ်
KyungsooသာHyungကိုမယူရင်ဒီချိန်
ထိHyungအိမ်ထောင်ကျသေးမှာမဟုတ်
ဘူး"

အားကျမခံပြန်ပက်တဲ့ဂျူနီယာကောင်ကို
တစ်ချက်စိုက်ကြည့်လိုက်ပြီး

"အခုတော့ငါ့သားလေးနဲ့ငါ့အမျိုးသားလေး
ကိုသွားကြိုလိုက်ဦးမယ် ကောင်းကောင်း
နေရစ်ခဲ့"

ကားသော့ကိုမျက်နှာရှေ့သွားရပ်ပြီးရမ်း
ပြကာအခန်းထဲကထွက်လာခဲ့လိုက်သည်
ကားပါကင်မှာကားထုတ်နေရင်းချစ်သည်း
ဆီကိုအသံမက်ဆေ့ပြန်ပို့လိုက်သည်

"ဂိုထောင်ထဲထည့်သိမ်းထားတဲ့ကားလေး
ထုတ်စီးတဲ့နေ့မှကားဘီးပေါက်ရတယ်လို့
ကွာ အဟား"

အခုဘီးပေါက်တဲ့ကားက Kyungsooရဲ့
ကားဖြစ်ပြီးအမြဲတမ်းကိုယ့်ကားနဲ့သာ
Goyangနဲ့Seoulကိုအသွားအပြန်လုပ်နေ ကြရာမှမနေ့ညကစိတ်ကောက်ပြီးမနက်ကျ ဂိုထောင်ထဲထည့်သိမ်းထားတဲ့ကား
ကိုထုတ်၍ သားသားကိုပါကျောင်းလိုက်
ပို့ပေးလိုက်သေးသည် အခုကားဘီးပေါက်
သွားတော့ အသံချိုချိုလေးနဲ့မက်ဆေ့လှမ်း
ပို့ကာအကူအညီတောင်းသည်

ဒီကောင်လေးမဆိုးတတ်ဘဲဆိုးချင်နေတာ
အသည်းယားချင်စရာလေးကွာ

First and LastWhere stories live. Discover now