We first meet

931 103 26
                                    

အိပ်ရေးပျက်တာတွေရောပင်ပန်းတာရော
ပေါင်းပြီးလေယာဉ်ပေါ်မှာ10နာရီလောက်
အိပ်ပျော်သွားသည် နိုးလာတော့အချိန်
အားဖြင့်နေ့လည်12နာရီရှိပြီ...

"အိုး...နောက်တစ်နာရီလောက်နေရင်
ရောက်ပြီပဲ"

ကိုယ့်ဟာကိုယ်ပြောလိုက်ပေမယ့်ဘေးက
အခြားခရီးသည်ကကြားသွားသည့်ဟန်
စောင်းကြည့်လာသည်မို့

"Oh...I so sorry"

နိုင်ငံခြားသားဖြစ်ဟန်ထင်ရ၍English
လိုသာတောင်းပန်စကားဆိုလိုက်သည်

"Excuse me!"

လေယာဉ်မယ်လေးက စားစရာလှည်း
လေးတွန်းရင်းဆိုလာသည်မို့ပြုံးပြလိုက်
ကာ

"ကျွန်တော်ကိုရီးယားလူမျိုးပါဗျ"

"အာ...ဟုတ်ကဲ့ပါရှင်ဘာများသုံးဆောင်
ဦးမလဲရှင့်"

"ကော်ဖီနဲ့ပေါင်မုန့်တစ်လုံးလောက်ရမလား"

"ဟုတ်ကဲ့ရပါတယ်"

လက်ထဲကိုကော်ဖီခွက်နဲ့ပေါင်မုန့်တစ်လုံး
ကမ်းပေးလာသည်

"ကျေးဇူးတင်ပါတယ်"

လေယာဉ်မယ်လေးကပြုံးပြ၍နောက်ခုံဆီ
လျှောက်သွားသည်

ဗိုက်ဖြည့်ပြီးတော့ပြန်လည်းမအိပ်ချင်တော့တာနဲ့စာအုပ်တစ်အုပ်ကောက်ဖတ်နေ
လိုက်သည်ပြတင်းပေါက်ဘေးကခုံမဟုတ်
၍ရူခင်းလည်းကြည့်မရ

စာအုပ်ထဲစိတ်ရောက်သွားလို့ထင်သည်
အချိန်ခနလေးအတွင်းမှာဘဲလေယာဉ်
ဆင်းသက်တော့မယ့်အကြောင်းအသိပေး
စကားဆိုလာသည်

များမကြာမီအချိန်မှာဘဲစီးနှင်းလာတဲ့လေ
ယာဉ်ဟာမြေပြင်ကိုသက်ဆင်းသည်
ထိုလေယာဉ်နဲ့ 5338မိုင်အားအချိန်
11နာရီကျော်စီးနှင်းခဲ့ရသည်မို့မြေပြင်ပေါ်
ခြေချချင်စိတ်ကအလျင်လိုနေပြီ

လေယာဉ်ပေါ်ကဆင်းတာနဲ့လုပ်စရာရှိတဲ့
ဟာတွေကိုခပ်သွက်သွက်လုပ်ကာအိမ်ကို
ဖုန်းခေါ်ရသည်

"Helloမေမေ သားလေဆိပ်ရောက်ပြီ...
အင်းဆေးရုံဝင်ရဦးမှာပေးစရာရှိလို့ပြီးတာ
နဲ့ချက်ချင်းအိမ်ပြန်လာမှာ..မစားရသေးဘူး
မေမေ့လက်ရာစားချင်လို့ကော်ဖီဘဲသောက်ထားတာ...ဟီးဒါဆိုမေမေသားဖုန်းချ
လိုက်တော့မယ်နော် ခနနေတွေ့မယ်"

First and LastWhere stories live. Discover now