Chapter 1

4.3K 229 2
                                    

He doesn't know i'm dead

Chapter 1

~၁~

မစ္စတာ လု...ကျွန်တော် ထွက်သွားပြီ။ ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ ထပ်မတွေ့တော့ဘူး...အိမ်မက်ထဲမှာတောင်မှပဲ။

~၂~

ယွိမုကော ထွက်သွားခဲ့သည်။

သူနှင့်အတူ အရာအားလုံးကို ယူဆောင်သွားခဲ့ကာ ဘာမှမရှိသည့် ပျက်စီးယိုယွင်းနေသောအိမ်ကို ချန်ထားပစ်ခဲ့၏။

လုကျင်းမင်က မီးရောင်မှိန်ဖျော့ဖျော့နှင့်အခန်းကိုလှည့်ပတ်ကြည့်လိုက်ကာ တစ်ချက်ရယ်လိုက်လေ၏။

" သူက ဒီလှည့်ကွက်ကိုပဲ ထပ်သုံးလာပြန်ပြီ"

ယွိမုကော ပထမဆုံးအကြိမ် အိမ်မှထွက်သွားစဥ်က သူ တစ်မြို့လုံးကို ပတ်ရှာခဲ့ကာ စီးကရက် တစ်ဘူးပြီးတစ်ဘူး သောက်မိခဲ့သည်။ သူ့မျက်လုံးများသည်လည်း နီရဲစပ်နေလေပြီး သူ့သတင်းတစ်ခုတစ်လေကို စောင့်စားရင်းဖြင့် အချိန်အတော်ကြာ အနားမယူခဲ့ရပေ။

ယွိမုကော ဒုတိယအကြိမ် အိမ်မှ ထွက်သွားချိန်တွင်တော့ သူတို့၏ နှစ်နှစ်တာ relationship သည် အဆုံးသတ်တော့မည့် လက္ခဏာ ပြလာပြီဟု သူ တွေးမိလာသည်။ ထိုနေ့က သူသည် သူနှင့် ဆက်နွယ်ခဲ့ဖူးသူတိုင်း၏ ဖုန်းနံပါတ် အားလုံးကို ဖျက်ပစ်ခဲ့သည်။ သူ့၏ အိပ်ဖော်အိပ်ဖက်များကို ဖြတ်ပစ်ခဲ့၏။

ဒီအကြိမ်ကား သုံးကြိမ်မြောက် ဖြစ်သည်။

လုကျင်းမင်က အလျင်လိုမနေပေ။ ယွိမုကော သေချာပေါက်ပြန်လာမည် ဖြစ်ကြောင်းကို သူ သိသည်။

~၃~

"ကော...ကျွန်..ကျွန်တော် ကောကို တကယ်ကြိုက်တယ်"

ကောင်လေး၏ မျက်နှာက ရှက်သွေးဖြာနေပြီး သူ့၏လှပသော မျက်ဝန်းသည်လည်း ရီဝေနေလေသည်။ ထို့ပြင် သူက အလွန်ပင် ထိန်းမနိုင်သိမ်းမရဖြစ်နေဟန်ရ၏။

လုကျင်းမင်သည်လည်း သူ့ကို ကြိုက်လေသည်။

သူတို့နှစ်ယောက်သား လူးလှိမ့်သွားကြလေပြီး ပြင်းပြစွာ ချစ်တင်းနှောလိုက်ကြ၏။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now