Chapter 2

1.7K 232 2
                                    

He doesn't know i'm dead

Chapter 2

~၅~

လုကျင်းမင် နိုးလာချိန်တွင် မုယွမ်က အိပ်ပျော်နေဆဲ ဖြစ်သည်။

သူက ကောင်လေး၏ ငယ်ရွယ် လှပသော မျက်နှာကို ကြည့်ရင်း လွန်ခဲ့သော ဆယ်နှစ်က ယွိမုကော ကို မြင်နေရသည်ဟု တွေးနေမိသည်။

ထိုရက်များတုန်းက ယွိမုကောသည် သူ့ကို စာသင်ခန်းထဲတွင် လျှို့ဝှက်စွာ ကြည့်ရှုနေတတ်ပြီး 'ညီအစ်ကိုကောင်း'သဖွယ် ပြုမူနေခဲ့၏။ သူက လုကျင်းမင် ကို အဆာပြေမုန့်များ သောက်စရာများ ဝယ်ပေးတတ်ပြီး ပိတ်ရက်များတွင် အပြင်ထွက်ကြရန် ကိုလည်း ဦးစွာ ပြောလာတတ်သည်။

သုနှင့် ငြင်းခုန်နေရမည့်အစား အရာရာတိုင်းက သာသာယာယာ ရှိခဲ့သည်။

ယွိမုကောက သူ့အပေါ် လိမ်ညာမှုကြောင့် ဒေါသထွက်ရခြင်း ဖြစ်ကြောင်း လုကျင်းမင် သိပါ၏။

သို့သော် ယောကျ်ားတိုင်း အတူတူပဲ မဟုတ်လော။

မင်းမှာရှိနေတဲ့အရာတွေကို မင်းက အမြဲတမ်းလိုလား တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ ထို့ပြင် လှပသောအရာများကို အချိန်အကြာကြီး မြင်တွေ့နေပါက ရိုးအီသွားတတ်ပေသည်။

လုကျင်းမင် အခြားတစ်ယောက်နှင့် ဘယ်အချိန်က စအိပ်ခဲ့မိမှန်း မမှတ်မိတော့ပေ။ နောက်တစ်နေ့ အိမ်အပြန်တွင် ယွိမုကောက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ပြီး သူတို့နှစ်ယောက်ကြား လဝက်ကြာ စစ်အေးတိုက်ပွဲ ဖြစ်သွားရသည်ကိုသာ မှတ်မိတော့သည်။

ထို့နောက်တွင် လုကျင်းမင် က ယွိမုကော ကို ပို၍ပို၍ လိမ်ညာလှည့်ဖြားလာပြီး ယွိမုကော၏ ဒေါသသည်လည်း နောက်ပိုင်းတွင် အသားကျသွားတော့သည်။

သူတို့နှစ်ယောက် အချိန်အတော်ကြာထိ မဖက်၊ မနမ်း၊ မအိပ်တော့တာတောင်မှ လုကျင်းမင်သည် ယွိမုကောနှင့် လမ်းခွဲပြတ်စဲရန် တစ်ခါမှ မတွေးဖူးပေ။

သူတို့ တစ်ယောက် ကို တစ်ယောက် သိကြသည်မှာ ဆယ့်နှစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး ရှစ်နှစ်ကြာ ချစ်ခဲ့ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် အပေါ် ထားရှိသည့် ငယ်ရွယ်မှုမှတ်ဉာဏ်များသည် အစားမထိုးနိုင်သည့် တည်ရှ်မှုမျာဖြစ်၏။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now