Chapter 10

1.2K 225 10
                                    

Unicode

~၃၀~

ယွမ်ရှင်းစန်း နိုင်ငံရပ်ခြားသို့ ရောက်နေချိန်တွင် လုကျင်းမင်က ယွိမင်ကောအပေါ် ဆိုးဆိုးရွားရွား ဆက်ဆံမည်ကို သူ အမြဲ စိုးရိမ်နေခဲ့ရသည်။ သို့သော် ယွိမင်ကောကို ဤကဲ့သို့သောပုံစံဖြင့် ပြန်တွေ့လိုက်ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

အဖြူအမဲကာလာနှင့် ဓာတ်ပုံထဲမှ ကောင်လေးသည် အနည်းငယ် ရှက်ရွံနေပုံရပြီး ယွမ်ရှင်းစန်း၏ မှတ်ဉာဏ်ထဲကပုံရိပ်အတိုင်းပင်။

ယွမ်ရှင်းစန်း သူ့ရှေ့ရှိ ကမ္ဗည်းကျောက်စာတိုင်လေးကို ကြည့်လိုက်မိသည်။ ယွိမုကော၏ အုတ်ဂူပင်တည်း။

သု့မျက်လုံးများက ကိုက်ခဲလာရပြီး မျက်ရည်များက ချက်ချင်းပင် အထိန်းအကွပ်မဲ့စွာ ကျဆင်းလာတော့သည်။

"မုကော..."

သူ့ပါးစပ်ကို ဖွင့်ဟမိချိန်တွင် သူ့အသံက အက်ကွဲနေပေပြီ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ?သူထွက်သွားခဲ့သည်မှာ နှစ်အနည်းငယ်သာ ကြာခဲ့သေးသည်။ သူ့၏ မုကောလေးက ဘယ်လိုလုပ်ပြီး ဤသို့ ဖြစ်သွားရသည်နည်း။

ယွမ်ရှင်းစန်းမှာ မတ်မတ်ရပ်ရန်ပင် ခွန်အားမရှိလုနီးပါး...။ သူဘေးဘက်ရှိ သစ်ပင်ပင်စည်ကို အားပြုလိုက်ရကာ ခါးခါးသီးသီး ငိုကြွေးလိုက်မိ၏။

သူ နိုင်ငံခြားသို့ မသွားခင်က မုကော သူ့ကို ပြုံးပြရင်း ပြောခဲ့သည်ကို သူ အမှတ်ရနေဆဲ ဖြစ်သည်။

"အစ်ကိုယွမ်...အစ်ကိုပြန်လာတဲ့အခါကြရင် အစ်ကို့ ကို ညစာဖိတ်ကျွေးမယ်။ မရီးတစ်ယောက် ရှာပြီး ကျွန်တော့် ကို ပြဖို့လည်း သတိရဦးနော်"

သို့သော် ယခု သူပြန်လာချိန်မှာတော့ သူ့ကို ညစာအကြွေးတင်နေသည့်ကောင်လေးသည် ထွက်သွားခဲ့လေပြီ။

~၃၁~

ယွိမုကော က ပြင်းထန်လှသော စိတ်ကျရောဂါကြောင့် အိပ်ဆေးအများအပြားသောက်ကာ သတ်သေခဲ့ခြင်း ဖြစ်ကြောင်း ယွမ်ရှင်းစန်း သိရှိလိုက်ရချိန်တွင် သူ လုကျင်းမင်၏ နှလုံးသားကို ခွဲထုတ်ပြီး နုတ်နုတ်စင်းပစ်ချင်သွားသည်။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now