Chapter 7

1.3K 212 2
                                    

Unicode

~၁၈~

ငါ သူ့ကို သေဆုံးခြင်းအကြောင်း ပြောခဲ့ဖူးပါတယ်။

ဘဝက ရှည်လည်းမရှည် တိုလည်းမတိုဘဲ တိတ်တဆိတ် ကုန်ဆုံးသွားမယ့် ဆယ်စုနှစ်လေးတစ်ခု ဆိုတာကိုပေါ့။

အဲ့ဒီနေ့...သူ့ ဖုန်းထဲကနေ ပုံပြင်တစ်ပုဒ်ကို တွေ့သွားပြီးတော့ ငါ့ကို သူ ဖတ်ပြချင်ခဲ့တယ်။ အဲ့ဒါက အကြာကြီး တူတူနေခဲ့တဲ့ လိင်တူချစ်သူနှစ်ဦးရဲ့ ဝမ်းနည်းစရာပုံပြင်လေးပါပဲ။ ဒါပေမယ့် ခုနစ်နှစ်ကြာပြီးနောက်မှာ အကျပ်အတည်း ကြီးကြီးမားမားနဲ့ ကြုံတွေ့သွားခဲ့တယ်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ခါးခါးသီးသီး ကြည့်ကုန်ကြပြီးတော့ အသေးအဖွဲလေးကအစ ပြဿနာတွေဖြစ်ပြီး ဒီလိုမျိုး အက်ကြောင်းရာကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ သူတို့နှစ်ယောက် လမ်းခွဲသွားခဲ့ကြတယ်။

~၁၉~

ဒီပုံပြင်ကို ဖတ်ပြီးတော့ ငါတို့ တိတ်ဆိတ်သွားမိကြတယ်။

ငါ ဘာကြောင့်ရယ်မသိ...အနာဂတ်မှာ ငါတို့လည်း ဒီပုံပြင်ထဲကအတိုင်း ဖြစ်လာခဲ့ရင် ဆိုပြီး တွေးလိုက်မိတယ်။

"မုကော...ငါတို့ သဘောတူညီချက်တစ်ခု လုပ်ထားရင်ရော ဘယ်လိုလဲ?"

လုကျင်းမင် က ရုတ်တရတ် ပြောလာတယ်။

"ဘာ သဘောတူညီချက်လဲ?"

ငါ နည်းနည်း သိချင်မိတယ်။

"ငါ ဆိုလိုတာက...မင်းနဲ့ငါ လမ်းခွဲရမယ်ဆိုရင် ဘယ်သူ အရင် ထွက်သွားသွား ကိစ္စမရှိဘူး။ ကျန်တဲ့သူက ထွက်သွားတဲ့သူကို စောင့်ရမယ်...အဆင်ပြေလား?"

လုကျင်းမင်က ဂရုတစိုက်မေးလာတယ်လေ။

ငါ ခေါင်ယမ်းပြလိုက်တယ်။

သူ့ကြည့်ရတာ နည်းနည်း စိတ်ပျက်သွားတဲ့ပုံပဲ။

"ဘာလို့လဲ?"

လုကျင်းမင်ရဲ့ မျက်လုံးတွေက မကြည်မလင် ဖြစ်နေပြီ။

"ငါ မင်းကို ချစ်တယ်ဆိုရင် မင်းကို တစ်ယောက်တည်း ထားခဲ့နိုင်မှာ မဟုတ်ဘူး။ အဆုံးကျရင် ရှင်သန်နေရတဲ့သူကသာ အဆိုးဆုံး ခံစားရမှာလေ"

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now