Chapter 3

1.5K 224 1
                                    

He doesn't know i'm dead

Chapter 3

~၈~

တစ်ပတ်ကြာပြီးနောက် လုကျင်းမင် က သူနှင့် ယွိမုကောတို့ အတူနေကြသည့်အိမ်သို့ ပြန်လာခဲ့သည်။

ပြတင်းပေါက်၏ အပြင်ဘက်ဆီမှ မြို့တော်၏ ဆူညံစည်ကားလှသည့်အသံများကို အတိုင်းသား သူကြားနေရသည်။ သို့သော် ထိုသို့ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာသံများက သူ ယခု ကြုံတွေ့နေသည်နှင့် လုံးဝဥဿုံ ခြားနားနေသည်။

သူ့၌ ရှိနေသည်က အေးစက်စက် အမှောင်ထုသည်သာ...။

လုကျင်းမင် အိပ်ခန်းတံခါးကို ဖွင့်လိုက်ပြီးနောက် ပထမဆုံး သူမြင်လိုက်သည့်အရာက  အိပ်ရာဘေးစားပွဲပေါ်ရှိ စာရွက်တစ်ရွက်ဖြစ်သည်။

သု့ နှုတ်ခမ်းများကို သပ်လိုက်မိကာ စိတ်အနှောင့်အယှက် ဖြစ်သလို ခံစားလိုက်ရ၏။

ဒီစာကို ထားခဲ့တဲ့သုက ယွီမုကောပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား?

လုကျင်းမင် က လျှောက်သွားလိုက်ကာ စာရွက်ကို ကောက်ယူလိုက်၏။ စာလုံးအနည်းငယ်မျှ ဖတ်ပြီးနောက် သူက စာရွက်ကို ဘောလုံးအသွင် လုံးချေပစ်ကာ ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်လေသည်။

"ယွိမုကော...မင်း ပြန်မလာဘဲ နေရဲရင်နေကြည့်လိုက်!!!"

လုကျင်းမင် က အနီးဆုံးရှိ ယွိမုကော၏ ပစ္စည်းအားလုံးကို ဆွဲချကာ ကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်ပြီးနောက် တံခါးကို ပိတ်ကာ ထွက်သွားလိုက်လေသည်။

ထိုသို့ လုပ်မိလုပ်ရာလုပ်လိုက်ခြင်းသည် စိတ်ထဲ၌ အလိုလို ကြိုတွေးမိနေခြင်းကြောင့် ဖြစ်ကြောင်း သူ လုံးဝ စိတ်မကူးထားခဲ့မိပါချေ။

အလေ့အကျင့် က တကယ့်ကို ကြောက်ဖို့ကောင်းသည့်အရာ ဖြစ်သည်။ ၎င်းက မင်းရဲ့ ဘဝထဲကို တိတ်တဆိတ် ချိုးဖျက်ဝင်ရောက်လာပြီးနောက် ပျောက်ကွယ်သွားသည့်အချိန်၌ နှလုံးကို ကွဲကြေစေပြီး နက်ရှိုင်းသည့် အနာစိမ်းတစ်ခုကို ချန်ထားခဲ့ပေလိမ့်မည်။

~၉~

စာရွက်ဘောလုံးလေးက ကြမ်းပြင်ထက်၌ အထီးတည်း လဲလျောင်းနေလေသည်။လုကျင်းမင်က ထိုနေ့မှစ၍ ပြန်မလာတော့ပေ။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now