Chapter 8

1.2K 207 6
                                    

Unicode

~၂၃~

"မင်း သူနဲ့ လမ်းခွဲမှာလား?"

ကျင်းယွမ်ဟွားက အသံကို နှိမ့်ပြီး မေးလာသည်။

လုကျင်းမင် အမှတ်တမဲ့ဖြင့် ငြင်းဆန်ရန် ပြင်လိုက်မိသော်ငြား အဆုံး၌ သူ ဘာတစ်ခွန်းမှ မပြောလိုက်နိုင်ပါချေ။

လုကျင်းမင် နှင့် ယွိမုကော တို့၏ သူငယ်ချင်းဟောင်းဖြစ်သည့် ကျင်းယွမ်ဟွားက သူတို့ ချစ်စဖွယ်စုံတွဲဘဝကနေ ယခုအခြေအနေထိ ဖြစ်သွားသမျှကို အကုန်သိထားသူ ဖြစ်သည်။

လုကျင်းမင် ဖန်ခွက်ကို အားအနည်းငယ်သုံးကာ ဖျစ်ညှစ်ပစ်လိုက်မိသည်။ သူ့၏ အာဒံပန်းသီးက အထက်အောက်လှုပ်ရှားသွားသည်။ သူက ဖန်ခွက်ကို မြှောက်လိုက်ကာ အကုန်မော့သောက်ပစ်လိုက်၏။

သူ့၏ ဆိုးရွားသော မျက်နှာပေးကို ကြည့်ရင်း ကျင်းယွမ်ဟွားက မစ္စကျင်းဆီမှ သူ့သားကို ကောက်ချီလိုက်ကာ အပြုံးနှင့်ပြောလိုက်သည်။

"သူက ငါ့ဇနီးနဲ့ မတူဘူးလား?"

လုကျင်းမင်က ဝဝကစ်ကစ်နှင့် နို့နံ့သင်းနေသော ကလေးလေးကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက နက်မှောင်လာချေ၏။

"ကလေးရဲ့ မျက်လုံးက သူ့အမေနဲ့ တူပြီးတော့ နှာခေါင်းက ငါနဲ့ တူတယ်လို့ လူတိုင်းက ပြောကြတယ်။"

ကျင်းယွမ်ဟွားက သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ချိန်တွင် ကလေးလေးက ထို လက်ညှိုးကို ဆုပ်ကိုင်ထားသည်။

လုကျင်းမင် မချိပြုံးပြုံးလိုက်ရ၏။

"ဟုတ်တယ်...သူတို့ပြောတာ အမှန်ပဲ။"

~၂၄~

ယွိမုကော...မင်းသာ ယောကျာ်းတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် ငါတို့ရဲ့ ကလေးက မူလတန်းကျောင်းတောင် တက်နေရလောက်ပြီ။

~၂၅~

တစ်ခါက လုကျင်းမင်၌ သားတစ်ယောက် ရှိဖူးသည်။

ထိုအချိန်က သူ၏ အတွင်းရေးမှူးသည် ကြင်နာသနားတတ်ပြီး လှပသိမ်မွေ့ခဲ့သည်။ သူမက ကျော်ကြားလှသော တက္ကသိုလ် တစ်ခုမှ ဘွဲ့ရထားသူလည်း ဖြစ်၏။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now