Chapter 5

1.3K 222 0
                                    


Chapter 5

~၁၄~

ယွမ်ရှင်းစန်း က သူ့ကို ဘာကြောင့် ရုတ်တရက် ဖုန်းခေါ်လာသည်ကိုအား လုကျင်းမင် မသိပါချေ။ သို့သော် ယခုအခါ၌ သူ တကယ်ကို ဒီနေရာမှ ထွက်သွားပစ်ချင်လာသည်။

သူက သူ့ငယ်သူငယ်ချင်းကို နှုတ်ဆက်လိုက်ပြီးနောက် အိမ်သို့ ကားမောင်းပြန်ခဲ့သည်။

ညဘက်တွင် သူက မျက်နှာကျက်ကို အကြာကြီး စိုက်ကြည့်နေခဲ့ပြီးနောက်မှသာ အိပ်ပျော်သွားရ၏။

လုကျင်းမင် အိမ်မက်တစ်ခု မက်ခဲ့သည်။

သူ ယွိမုကော အကြောင်း အိမ်မက်မက်ခဲ့ခြင်း ဖြစ်၏။

ယွိမုကော၏ မျက်နှာ က မြူခိုးများအကြား မှုန်ဝါးနေလေပြီး သူ့အနေဖြင့် သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"လုကျင်းမင်...ကျွန်တော်  ခင်​ဗျားကို မချစ်တော့ဘူး"

လုကျင်းမင် သူ့ကို ပြန်ပြောလိုသော်ငြား အသံတစ်ချက်မှ မထွက်နိုင်ပါချေ။

"နောက်ဆုံးတော့ ကျွန်တော် အရှုံးပေးလိုက်ပါပြီ"

သူ အချိန်များစွာ ကြာသည်ထိ ချစ်ခင်နှစ်သက်ခဲ့ရသော ကောင်လေးအား လက်လွှတ်လိုက်လေပြီ။

အဆုံးသတ်ဖို့ရာ ကံဇာတာပါသည့် ဒီ relationship ကို သူ လက်လျှော့လိုက်ချေပြီ။

သူ့ကို အမြဲတမ်း ငိုကြွေးနေအောင် လုပ်ခဲ့သည့် အချိန်အပိုင်းအခြားကို သူ အရှုံးပေးလိုက်ပေပြီ။

သူ ငယ်ရွယ်စဥ်အခါက သူသည် ငိုကြွေးနိုင်၊ ရယ်မောနိုင်ပြီး တောက်ပသည့်အနာဂတ်ကို စိတ်ကူးယဥ်နိုင်ခဲ့သည်။

နောက်ပိုင်း သူ ကြီးပြင်းလာချိန်တွင် သူသည် မည်သည့်ပြဿနာနှင့် မဆို ရင်ဆိုင်ရတိုင်း အလွယ်တကူ ငိုကြွေးမိနေသည်ကို သိရှိလိုက်ရ၏။ သူ့ဘဝတစ်လျှောက်လုံးတွင် မည်သို့ ဟန်ဆောင်ပြုံးရမည်ဆိုသည်အား သင်ယူခဲ့ရသည်။ ယွိမုကော ကိုယ်ကို လှည့်လိုက်ကာ သူ့နောက်ဘက်ရှိ အရာရာတိုင်းကို ဝါးမြိုပစ်လိုက်နိုင်ဟန်ရသော အမှောင်ထုဆီသို့ ဆက်လျှောက်သွားလေသည်။

ကျွန်တော် သေသွားပေမယ့် သူက မသိဘူး...။Where stories live. Discover now